AN/
mediaကသီချင်းလေးက feelရတဲ့အခန်းတွေဆို အဲ့သီချင်းလေးနားထောင်ရင်း ရေးတာမို့ အသဲလေးတို့ကို ညွှန်းပေးလိုက်ပါတယ်..သိပြီးသားသူတွေလည်း ရှိမယ်လို့ထင်ပါတယ်...ဟန်လည်းဘာမှနားမလည်ပေမဲ့
တီးလုံးသံလေးနဲ့ ဆိုဟန်လေးက အဆွေးဓာတ်လေးကို ဖြစ်စေလို့ feelလို့ကောင်းလို့ ဟန်ကတော့ အရမ်းကြိုက်တယ်...တူတူနားထောင်ရအောင်နော်❤"ဒီမှာအကိုလေး........"
ကိုစိုးဦးလက်ထဲကနေတစ်ဆင့် စားပွဲပေါ်သို့ရောက်လာသော ဘူးတစ်ခု.....။
ထိုဘူးကိုယူကာ ချေမိုးဖွင့်ကြည့်လိုက်တော့ ကြယ်တွေ့လိုက်ရသည်က ပြောင်ပြောင်ချောချော ဖုန်းတစ်လုံး...။
ဒါဆိုမနက်က ကိုစိုးဦးနဲ့ဖုန်းပြောနေတာ ဒီဖုန်းဝယ်ခိုင်းဖို့ပေါ့...မယူပါဘူးဆိုကွာ ချေမိုးတို့ကတော့
လုပ်ပြီ......ကြယ်စိတ်ထဲကနေ ညည်းညူနေသည်။
ချေမိုးကတော့ ဖုန်းကိုယူလိုက်ကာ အပေါ်အောက်လှန်ကြည့်ပြီးနောက် ဖုန်းမျက်နှာပြင်ကို လက်နှင့်ထိပြီး ဟိုရွှေ့ဒီရွှေ့လုပ်နေလေသည်။
"အကိုလေး....သဘောကျတယ်မလား....."
"အေး....မဆိုးပါဘူး......"
ထိုစကားတစ်ခွန်းသာပြောပြီး ဖုန်းကိုကြယ့်လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ရော့....ကြယ်....မင်းအတွက်....."
ငြင်းမယ်လုပ်တုန်း ဖုန်းကလက်ထဲရောက်လာသည်။
"ဂျာကြီးပိုက်ဆံကို ဘဏ်ကနေဘဲ လွှဲလိုက်မယ်နော်....
လောလောဆယ် ကျွန်တော့လက်ထဲမှာ ပိုက်ဆံများများမရှိလို့....""ရတယ် အကိုလေး....အဆင်ပြေသလိုလုပ်....."
လက်ထဲကဖုန်းလေးကိုကြည့်ပြီး မထိရဲမကိုင်ရဲ ဖြစ်နေသည်ကကြယ်ပင်.....။
"ချေမိုး....ငါမယူဘူးလို့ ပြောထားတာကိုကွာ....
ရော့ မင်းဖုန်းမင်းပြန်ယူ....."ဖုန်းကိုလက်နှစ်ဖက်နှင့် သေသေချာချာကိုင်ပြီး ချေမိုးလက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
ကြယ့်ရဲ့အခေါ်အဝေါ်ကြောင့် ကိုစိုးဦးတစ်ယောက် မျက်လုံးပြူးသွားရလေသည်။

ESTÁS LEYENDO
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........