"အင်း........"
ရင်ခွင်ထဲကလူးလွန့်လာတဲ့ကောင်လေးကြောင့်
ကြယ့်ရဲ့ဦးခေါင်းပေါ် နှာခေါင်းအပ်ထားသော ချေမိုးမျက်နှာကိုခွာလိုက်ရသည်။ထို့နောက် ခေါင်းလေးကိုဖွဖွပုတ်ပေးပြီး နဖူးကိုနမ်းလိုက်သည်။
ကြယ်နိုးလာတော့ ချေမိုးရင်ခွင်ကျယ်ကမျက်စိရှေ့မှာ....
မနေ့ညကအတိုင်း အိပ်တဲ့ပုံစံကမပျက်မယွင်း....။
သူသည်လည်း ချေမိုးလက်မောင်းပေါ် ခေါင်းတင်ထားဆဲ....။တစ်ညလုံးဒီပုံစံနှင့်အိပ်နေရသော သူ့ခန္ဓာတစ်ခြမ်းမှာ
ကိုက်ခဲပြီးညောင်းချိနေသည်ဆိုရင် သူ့ခေါင်းတင်အိပ်ရာ ချေမိုးလက်မောင်းက ဒီ့ထက်ဆိုးမည်ထင်သည်။"နိုးပြီလား......"
သြရှရှအသံက ကြယ့်နားထဲ စမ်းချောင်းမှရေကျသံလို
ကြည်လင်အေးမြစွာဖြင့် နားထဲတိုးဝင်လာသည်။"မင်းဘာလို့.....ငါ့ကိုမဖယ်တာလဲ....
တစ်ညလုံးခေါင်းအုံးထားတာ လက်မောင်းတွေနာနေမှာပေါ့...."ချေမိုးကကြယ့်နှာခေါင်းကို ဆွဲညစ်လိုက်ရင်း.....
"ငါဖယ်လိုက်ရင်မင်းနိုးသွားမှာစိုးလို့ပေါ့ကွ....."
"ငါဒီ့ထက်အချိန်ကြာကြာ အိပ်နေမယ်ဆိုရင်ရော...
ဒီတိုင်းနေမလို့လား......""အေး...မင်းမနိုးမချင်း....
ဒီလိုလေးဘဲနေမှာပေါ့....နိုးသွားရင်
နေချင်မှနေလို့ရမှာ....အိပ်ယာထဲမှာလို
အချိန်တိုင်းနမ်းနေလို့လည်းမရဘူးလေ...."ချေမိုးရင်ဘတ်အား ကြယ်လက်သီးနှင့်ထိုးလိုက်ပါသည်။
နာစေလို၍မဟုတ်..လက်နဲ့ပုတ်သလို....ဖြည်းဖြည်းလေး။
ချေမိုးကရယ်ကာ ရင်ခွင်ထဲမှာရှိနေဆဲဖြစ်သောကြယ့်အား
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။"ငါအသက်ရှူကြပ်တယ်....လွှတ်တော့...."
"အင်း...လွှတ်မယ်....အာဘွားပေးမှ....."
"ချေမိုးမင်းဘယ်လိုဖြစ်နေတာလဲ....
ဒီလောက်နမ်းနေရတာ မကျေနပ်သေးဘူးလား....""အမှန်အတိုင်းပြောရမှာလား....
ငါလုံးဝမကျေနပ်သေးဘူး..မြန်မြန်နမ်းကွာ...
မနမ်းမှာလည်းမဟုတ်ဘဲ စကားများနေတယ်....."
![](https://img.wattpad.com/cover/149106357-288-k750235.jpg)
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........