Part 33(Unicode)

9.1K 767 7
                                    

AN/ Mediaကသီချင်းလေး နားထောင်ပြီး ဖတ်ကြည့်ပါ..စာထဲမှာလည်းပါတယ်...သီချင်းနာမည်က ခေါင်းနဲ့ပန်းတဲ့ အားလုံးသိကြမယ်ထင်ပါတယ်....

"တစ်ခုတော့မှတ်ထားပေးပါ.....ဒယ်ဒီ...."

ချေမိုးပုံစံက အေးစက်စက်နှင့် စကားကိုမတိုးမကျယ်ပြောနေသည်။
အရင်မာကျောကျောပုံစံနှင့် ကွဲပြားသွားသည်ဟု ဦးအသချေင်္စိတ်ထဲ ခံစားလိုက်ရသည်။

"အေး....ဘာလဲ...ပြောလေ....."

"ကျွန်တော်ဒီလိုဆုံးဖြတ်တာ....ကြယ့်အတွက်ပါ....
အဲ့တာကြောင့်မို့....ကျွန်တော့ဆုံးဖြတ်ချက်နဲ့တန်အောင်
ဒယ်ဒီတို့ နေပေးမယ်လို့ ယုံချင်တယ်....အပြည့်အဝမဟုတ်ပေမဲ့
ကျွန်တော်ယုံချင်တယ်..."

ချေလွှာမျက်စောင်းထိုးတာကို မြင်လိုက်ရသော်လည်း မတတ်နိုင်။ပြောသင့်တာ ပြောရမှာမို့....။

အကုန်လုံးက ကြယ့်အတွက်မို့....

အကျပ်ကိုင်တာကို ခံတာလည်း ကြယ့်အတွက်သာ....

ဦးအသချေင်္ကတော့ ချေမိုးစိတ်ကျေနပ်အောင် ခေါင်းညိတ်ပြလိုက်သည်။ လောလောဆယ် သူလက်ခံဖို့
ညာတာက အကောင်းဆုံးဖြစ်သည်။

ချေမိုးမတ်တပ်ထရပ်လိုက်ပြီး.....

"အကယ်၍......အကယ်၍...သူတစ်ခုခုဖြစ်တာနဲ့....
ဒယ်ဒီတို့လည်း အေးအေးနေရမယ် မထင်ပါနဲ့...."

အလန့်တကြီးကြည့်လာသော မျက်ဝန်းတွေ.....
ကျွန်တော်လွယ်လွယ် ယုံလိမ့်မယ်ထင်တာလား....
ကျွန်တော်လက်ခံခဲ့တာ သူတို့ခြိမ်းခြောက်တာကြောင့်မှ မဟုတ်ဘဲ...

ရှေ့ဆက်ပြီး ဖြစ်လာမဲ့ ကြယ်နဲ့ကျွန်တော့ရဲ့ ခံစားချက်တွေကို ကန့်သတ်ပစ်ချင်လို့ လက်ခံလိုက်တာ....

ကြယ့်ကို ဒီ့ထက်ပို မခံစားစေချင်၍တော့သာ......

ထို့နောက်..ဦးအသချေင်္ရဲ့ မျက်လုံးထဲကို သေသေချာချာကြည့်ပြီး.....

"ဟုတ်တယ်....ဒါခြိမ်းခြောက်တာပါ....ကျွန်တော်...
ဒီလောက်လုပ်ပေးထားတာ....ထင်သလိုမဟုတ်ခဲ့ရင်...
ကျွန်တော်အပြစ်ပေးမှာပါ...ဒါ....သားတစ်ယောက်က
အဖေကိုပြောတာမဟုတ်ဘဲ....ကတိတစ်ခုပြုမဲ့
လူနှစ်ယောက်ကြားမှာပြောနေတာဖြစ်တဲ့အတွက်...
ချိုးဖောက်ရင် ချိုးဖောက်တဲ့ဒဏ်တော့ ခံရမှာပေါ့....ဘာဖြစ်လို့လဲဆို
ဘယ်မိဘမှ သားသမီးကို အကျပ်ကိုင်ပြီး မချည်နှောင်ဘူးလေ...
ကျွန်တော်ပြောတာ အကုန်လုံးနားလည်မယ်
ထင်ပါတယ်......"

CHANGE(ခ်ိန္း)Completed(Z&U)Où les histoires vivent. Découvrez maintenant