Part 23(Unicode)

9.7K 865 14
                                    

"ကြည့်ပါဦး.....ဒီအရွယ်တောင် ရှိပြီဘဲ....."

ထိုအဒေါ်ကြီးအား ကြယ်ခဏမျှ ကြောင်ကြည့်နေမိသည်။

ရင်းနှီးနေသောအသံ၊ မစိမ်းသောမျက်နှာနှင့် ကျောပြင်တို့က ကြယ့်ရဲ့ရင်ကို ပို၍မွန်းကြပ်စေသည်။

သူထင်နေမိသည့်သူလား.......။

မဖြစ်နိုင်ဘူး....ဒီလောက် နှစ်တွေအများကြီးကြာပြီး
အခုမှ....အခုမှပေါ်လာတယ်ဆိုတာ....မဖြစ်နိုင်ဘူး....။

"အဒေါ်က.....ဘယ်......"

"အိမ်ထဲဝင်ရအောင်လေ......"

ကြယ့်ရဲ့စကားကို ဆုံးအောင်တောင် နားမထောင်ဘဲ
ထိုအဒေါ်ကြီး၏ ခြေလှမ်းတွေက အိမ်ထဲသို့ ဦးတည်လျှက်...
.
.
.
အိမ်ထဲလည်းရောက်ရော တစ်အိမ်လုံးအနှံ့ လိုက်ကြည့်နေပြန်တဲ့ အဒေါ်ကြီးအား ကြယ်ထပ်မေးလိုက်ပြန်သည်။

"အဒေါ်ကဘယ်သူလဲ........
ဒီကိုဘာလာလုပ်တာလဲ......."

သူမက ကြယ့်ရဲ့အမေးကို ပြန်မဖြေဘဲ
ဦးအင်္သချေတို့ မိသားစုပုံကိုကြည့်ရင်း......

"ရေစက်တွေများ ဆန်းကြယ်လိုက်တာနော်......"

သူမပြောသည်ကို ကြယ်နားမလည်.....

ကြောင်ကာကြည့်နေသည့် ကြယ့်ကို
သူမကပြုံးပြလိုက်ကာ.....

"အမေ့ကို မှတ်မိလား သား........"

ဒီစကားကြောင့် ကြယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး
တောင့်တင်းသွားပေမဲ့ ဘာမှမဖြစ်သလိုပင်.......

"အဒေါ်ပြောတာ ကျွန်တော်.....နားမလည်ဘူး....."

သူမက ပြုံးရင်းနှင့်ပင် ခေါင်းညိတ်နေသည်။

ထို့နောက်.......ကြယ့်ရဲ့ ပခုံးနှစ်ဖက်ကို ကိုင်ကာ....

"အမေက သားအမေဘဲ.....
သားကိုမွေးခဲ့တဲ့ အမေလေ....
အမေ့ကိုတောင် မမှတ်မိဘူးလား......"

မွေးခဲ့တဲ့အမေမို့လို့ မှတ်မိရမယ်တဲ့လား....
ကောင်းတဲ့အမှတ်တရဆိုလို့ တစ်ခုမှမရှိခဲ့တာတောင်

ကြင်ကြင်နာနာ ဆက်ဆံခံရတာ
တစ်ကြိမ်မှမရှိခဲ့တာတောင်

သားလို့ယုယုယယ အခေါ်ခံရတာကို တစ်ခါမှ မကြားဖူးခဲ့တာတောင် မှတ်မိပေးရမယ်တဲ့လား.....။

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now