ချေမိုးရဲ့အခန်းပေါက်ဝမှာ
ကြယ်မတ်တပ်ရပ်နေလေသည်။အခန်းတွင်းရှိ ချေမိုးကတော့ စာရွက်စာတမ်းတွေကို ရှင်းလင်းရေးလုပ်နေလေသည်။ ချေမိုးလုပ်သမျှကို
ကြယ်တစ်ယောက် အသေးစိတ် လိုက်လံကြည့်ရှုနေသည်။စာရွက်စာတမ်းတွေ ရှင်းပြီးတော့
အဝတ်ဗီရိုဆီသို့သွားကာ တစ်စုံတစ်ခုကို ထုတ်လာသည်။ကြယ့်အထင်မမှားဘူးဆိုရင်
အဲ့တာပိုက်ဆံတွေဘဲ ဖြစ်မည်။ချေမိုးက အပေါ်ဝတ်ကုတ်အကျႌကို ချွတ်လိုက်ရင်း ကြယ့်ကိုကြည့်ကာ.......
"ဝင်ခဲ့လေ....ဘာရပ်လုပ်နေတာလဲ......."
အခန်းထဲသို့ ဝင်ရမည့်ခြေလှမ်းတွေက ရှေ့သို့တိုးဖို့ပင် အနိုင်နိုင်။ မိမိအား ကြည့်နေသော ချေမိုးကြောင့်ပင် ဖြစ်လိမ့်မည်။
အရင်တုန်းက ဘယ်လိုအကြည့်နဲ့ဘဲကြည့်ခံရပါစေ
ဘယ်လိုဘဲအော်ခံရပါစေ ကြယ့်စိတ်ထဲ ဘယ်လိုမှမနေခဲ့....။အခုအချိန်တွင်တော့ အဲ့ဒီ့အရာတွေက ကြယ့်အားနာကျင်စေတဲ့ လက်နက် ဖြစ်စေခဲ့သည်။
ဒီမှာ တစ်ခုသိလိုက်တာက
ချစ်မိရင် အရာရာရှုံးပြီဆိုတာဘဲ....
ကိုယ်ပိုင်ဆိုင်တဲ့ စိတ်ခံစားချက်တောင်မှ
ကိုယ်ကိုယ်တိုင် ထိန်းချုပ်လို့ မရနိုင်တော့ဘူးလေ.....။
.
.
.သူ့ရှေ့မှာ မတ်တပ်ရပ်နေတဲ့ ကြယ့်အား
ချေမိုးပြုံးပြီးတော့ ကြည့်နေမိသည်။ကြယ်ကခေါင်းငုံ့နေသောကြောင့် ချေမိုးပြုံးတာကို မြင်မည်မထင်.....။
ကြယ့်ရဲ့ပုံစံကတကယ့်ကို အလုပ်ထုတ်ခံရမှာ စိုးနေတဲ့ပုံစံလေး..... ။
မနက်က တကယ်ကို ဒေါသထွက်သွားတာပါ.....။
အပေါ်ထပ်ကနေ လှမ်းမြင်လိုက်ကတည်းက
ဘာမှပြန်မပြောဘဲ ငြိမ်နေတဲ့ကြယ့်ကို တွေ့ထဲက ဒေါသထွက်သွားတာ.....ဘယ်လိုဘဲ အလုပ်လုပ်နေရတယ်ဆိုဆို
ကိုယ့်အပေါ်ဘလိုင်းကြီး လာကြောတာတော့ မခံသင့်ဘူးထင်တယ်.....ပြီးတော့လည်း မေးတော့ဘာမှမပြော
တေမိမင်းသားလုပ်နေတဲ့ ကြယ့်ကိုကြည့်ပြီး
စိတ်ထဲကလိကလိနဲ့....

YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........