My adorable person(Unicode)

7.4K 472 8
                                    

AN/

ဒီအပိုင်းကတော့ စာအုပ်ထုတ်တုန်းက ထည့်ပေးလိုက်တဲ့အပိုင်းလေးပါ။ပြန်တင်ပေးမယ်လို့ ပြောထားပေမယ့် မေ့လောက်ရှိမှပဲ တင်ဖြစ်တော့တယ်။ တချို့က Changeကိုစာအုပ်ပြန်ထုတ်ပေးဖို့ ပြောကြပါတယ်။ ဟန့်မှာလည်း ပြန်ထုတ်ပေးဖို့ စိတ်ကူးရှိပါတယ်။ ဒါပေမယ့် အတော်လေးကြာဦးမှာမို့ wpမှာတင်ထားတဲ့အပိုင်းလေးတွေကိုပဲ ခဏခဏပြန်ဖတ်ပေးရင်းကျေနပ်ပေးကြပါနော်။ အခုအချိန်အထိ changeလေးကို မမေ့သေးဘဲ ချစ်ပေးကြတဲ့ စာဖတ်သူတွေကိုရော အခုမှသိလို့် အခုမှလာဖတ်နေကြတဲ့ စာဖတ်သူတွေကိုရော ကျေးဇူးအများကြီး တင်ပါတယ်ရှင်❤

ရွှေတိဂုံဘုရားကိုမှ နှစ်ယောက်အတူ ဖူးချင်သည့်စိတ်ကြောင့် တောင်းဆိုမိသောအခါ ချက်ချင်းခေါင်းညိတ်လာသူ....။

ချေမိုးကတော့ ပြောပါသည်။ ဘုရားသွားချင်တယ်ဆို အလုပ်တွေအကုန်ဖြတ်ပြီး လိုက်ပို့ပေးပါမည်တဲ့...။ နေတိုင်းလိုလို မအားမလပ်ဖြစ်နေတာကို မြင်နေရသော ကျွန်တော်ကတော့ တစ်ရက်ပျက်ရင်ပျက်သလို လုပ်စရာတွေ ပုံထနေမည်ကို ပြေးမြင်မိသဖြင့် သူ့စကားကိုလက်မခံ....။

မနက်ဘက်ကတော့ သူအားလည်း မသွားချင်ပါ။ ဘုရားကိုအေးအေးဆေးဆေးမဖူးရဘဲ လူတွေဝိုင်းအုံလာလျှင် ခက်ချေမည်။ အခုတလောမှာ သူနဲ့နှစ်ယောက်တည်း အပြင်သွားရမည့်အရေးကို မပျော်မိဘဲ ကြောက်လာသလို ဖြစ်နေပါသည်။

လူကြိုက်များကျော်ကြားခြင်းက တကယ်တော့ မကောင်းပါဘူး...။သူလူအုပ်ကြားထဲညှပ်သွားတဲ့အချိန် ကျွန်တော့မှာဘေးရောက် သွားလွန်းလို့။ အဲ့ဒီအချိန်တွေမှာ သူ့ကို လူအများနဲ့ မျှနေရတာကို တကယ်မနာလိုဘူး။ဒီလို အတွေးတွေက တနေ့တခြား များများလာတယ်....။ ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ မိန်းမဆန်လာပြီ ထင်ပါတယ်.....။

ဘုရားတစ်ခါသွားဖို့ကလည်း တော်တော်ခက်သည်။ နေ့ဘက်မသွားချင်သော ကျွန်တော့ကြောင့် ညဘက်အချိန်ကို ရွေးချယ်ပြန်တော့လည်း အမျိုးမျိုးသော ပွဲပေါင်းများစွာက ဖျက်နေပြန်သောကြောင့် သက်ပြင်းချမိရသည်။ ဒီနေ့တော့ ဘာပွဲမှလည်းမရှိသည့်အပြင် ညနေကတည်းက အလုပ်တွေအားလုံး ပြီးစီးသွားသည့်အတွက် ကျွန်တော့ဆန္ဒ ပြည့်ဝစေရန် နှစ်ယောက်သား ညနေငါးနာရီခွဲကတည်းက ပြင်ဆင်လိုက်ကြသည်မှာ ခုနှစ်နာရီကျော်မှပြီးသည်။

CHANGE(ခ်ိန္း)Completed(Z&U)Où les histoires vivent. Découvrez maintenant