Ting.......Ting......Ting.......
နားစည်ထဲအထိ တုန်လှုပ်သွားသော ဘဲလ်သံကြောင့် ကြယ်တစ်ယောက် ခေါင်းမတ်လာသည်။ အခန်းတွင်း၌ မင်းမူနေသည့် နေအလင်းရောင်တို့သည် မျက်လုံးတည့်တည့်ဆီ ဦးတည်နေသောကြောင့် အသိစိတ်ကပ်ကပ်ချင်း မျက်ခွံတို့ပွင့်ဖို့ မစွမ်းသာပဲ ပုတ်ခတ်ပုတ်ခတ်ဖြစ်နေရသည်။ ခဏကြာမှ ဖွင့်နိုင်သွားတော့ ထူးဆန်းသလိုဖြစ်နေသည့် အခန်းအခြေအနေ....။
အဝတ်တွေနှင့်ပြန့်ကျဲနေမည်ဟု ထင်ရသည့် အခန်းသည် မျက်တောင်တစ်ချက်ပုတ်ခတ်လိုက်သည်နှင့် ရှင်းလင်းသွားပြန်သည်။ ရှုပ်ပွနေသောအခန်းသည် ကြယ့်အတွေးထဲမှ အခန်းဖြစ်ပြီး ရှင်းလင်းနေသောအခန်းသည် ယခုတွေ့မြင်နေရသော အခန်းဖြစ်သည်။ ဆိုလိုသည်က ကြယ်၏ ဦးနှောက်အာရုံထဲ၌ ပါတီပွဲညက အဖြစ်အပျက်များကို ပြန်မြင်နေသောကြောင့်ဖြစ်သည်။
အခြေအနေကို သတိပြုမိသွားပြီးသည့်နောက် ထိတ်လန့်တကြားနှင့် ဘေးဘက်သို့ ခေါင်းစောင်းကြည့်လိုက်တော့ အိပ်ရာထက် မှောက်လျက်အနေအထားနှင့် အိပ်မောကျနေသောချေမိုးကို တွေ့လိုက်ရသည်။ ခန္ဓာကိုယ်အောက်ပိုင်းကို စောင်နှင့်အုပ်ထားသော်ငြား အဝတ်ကင်းမဲ့နေသည် တော့မဟုတ်....။
ကြယ်သည် တစ်ယောက်တည်း ထိုင်စဉ်းစားနေမိသည်။ ညတုန်းက အကျႌတောင်ပြန်မဝတ်နိုင်ဘဲ သူအိပ်ပျော်သွားခဲ့သည်။ အခန်းထဲမှာလည်း ရုန်းရင်းဆန်ခတ်အခြေအနေကြောင့် ရှုပ်ပွနေမှာသေချာသည်။ သို့သော် ယခုတော့အခန်းမှာ ရှင်းလင်းနေသည့်အပြင် နှစ်ယောက်လုံးကိုယ်ပေါ်၌ အဝတ်အစားကဝတ်လျှက်သား.....။
ဒါဆိုရင် ချေမိုးတစ်ယောက်တည်း အဝတ်အစားတွေပါ ပြန်ဝတ်ပေးပြီး...အခန်းကိုပါ ရှင်းလင်းခဲ့သည်လား.....။
အတွေးနှင့်အတူ ချေမိုးအား သနားစိတ်ဖြစ်ပေါ်သွားသည်။
ညတုန်းက အသိစိတ်လွတ်ပြီး ချေမိုးအပေါ်၌ သူအကြမ်းပတမ်းပြုမူခဲ့သည့် အတွက်ကြောင့်ပင်...။ သူ့တုန်းက ချေမိုး ညင်ညင်သာသာ ဆက်ဆံပေးခဲ့တာတောင် နာကျင်မှုကို သေလောက်သည်အထိ ခံစားရသည်။ ကိစ္စပြီးသွားလျှင်တောင် သူ့မှာဘာမှမလုပ်နိုင်ဘဲ ချေမိုးသာ အကုန်ရှင်းလင်းခဲ့ရသည်ပင်...။

YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........