Part 31(Unicode)

9K 803 70
                                    

ယောကျ်ားလေးတစ်ယောက် အကျႌလဲနေတာကို မလုံမလဲနဲ့
ထိုင်ကြည့်နေရတာ ကျွန်တော့ဘဝမှာ ဒါပထမဆုံးအကြိမ်ပါ....။

အညိုစင်အသားအရောင်က ကျွန်တော့လိုဖြူဖျော့ဖျော့ အသားထက်စာရင် အများကြီးကြည့်လို့ကောင်းနေတာ...။

ကျွန်တော်နဲ့ ကွဲလွဲစွာ ရှပ်အကျႌလက်ရှည်တွေနဲ့ ပုဆိုးကိုဘဲ
ဝတ်တတ်သည်ဆိုလာသူအား သူ့အကြိုက်တွေချည်း အကျႌဆိုအရောင်စုံ၊ ပုဆိုးဆိုအဆင်စုံ ဝယ်ပေးပြန်တော့
များလွန်းတယ်ဆိုကာ မျက်နှာရှုံ့မဲ့ပြီး ငြင်းတတ်သောသူ။

အဲ့လိုတွေအားငယ်၊အားနာစိတ်တွေကြောင့်ဘဲ ကျွန်တော်သူ့ကို ချစ်ခဲ့မိတာလား.....။

တစ်စုံတစ်ယောက်ကို ကာကွယ်ချင်စိတ်ဖြစ်မိတာကလည်း
သူပထမဆုံးပါ......။

စဉ်းစားကြည့်ရင် ပြောင်းလဲမှုတွေရဲ့ မူလအစက သူ့ကြောင့်သာဖြစ်နေခဲ့တာ....။ ဘယ်သူ့ကိုမှ မချစ်မိအောင်နေမယ်ဆိုတဲ့ ကျွန်တော့ခံယူချက်ကလည်း
သူနဲ့ကျမှ ပျက်ပြယ်ခဲ့တာ။

ချစ်မိရင် နာကျင်ရမှာ ကျွန်တော်ကြောက်ခဲ့တာ....။
အခုတော့ နာကျင်မှုကိုဘဲ မြတ်နိုးနေမိပြီဆိုတာ
သိလိုက်ရပါပြီ။
.
.
.
.
.
.
.
.
ကြယ်အကျႌကြယ်သီးကို အလျင်အမြန်တပ်နေလေသည်။
ချေမိုးရှေ့မှာ အကျႌဝတ်နေရတာ တကယ်ကိုအဆင်မပြေပါ။
တုန်ချိလာသော လက်တွေအား အတတ်နိုင်ဆုံးထိန်းပြီး နောက်ဆုံးအကျႌကြယ်သီးထိ ပြီးအောင်တပ်လိုက်သည်။

ရှည်ကျနေတဲ့ အကျႌလက်ကို ခေါက်တင်နေသော်လည်း အခုကျမှ လွယ်လွယ်နဲ့တင်မရသောကြောင့် ကြယ်စိတ်ညစ်စွာ စုတ်သတ်လိုက်သည်။

ကြယ့်အသံကြားသည်နှင့် ချေမိုးကအနားရောက်လာသည်။

"အကျႌလက်လေး ခေါက်တင်တာတောင် စိတ်မရှည်ဘူး...
မင်းတောင်.ငါ့အကျင့်တွေ ကူးလာပြီဘဲ...."

ပြောဆိုနေရင်း ချေမိုးကိုယ်တိုင်ဘဲ အကျႌလက်အား သပ်သပ်ရပ်ရပ်ဖြစ်အောင် ခေါက်တင်ပေးလိုက်သည်။

ကြယ့်ကိုသေချာကြည့်မိတော့ ရှက်ကာ မျက်နှာလွှဲသွားသောသူ။
မိန်းကလေးတွေလို ခေါင်းမငုံ့သွား...။
ယောကျ်ားလေးတွေရှက်ရင်
ဘာလုပ်တတ်လဲမသိပေမဲ့ ကြယ်ကတော့ မျက်နှာလွှဲသွားတတ်သည်။

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now