Part 29

17.9K 1.4K 80
                                        

"အကို......သားလေးရော....သားလေးနဲ့ တွေ့ခဲ့လား...."

"တွေ့ရုံတင်ဘယ်ကမလဲ....မမြင်ချင်တဲ့သူကိုပါ မြင်ခဲ့ရတယ်....."

ဆိုဖာပေါ်ထိုင်ချလိုက်သော ဦးအသင်္ချေနားသို့ ဒေါ်ဝတ်လွှာစိမ်းရော၊ ပွင့်ချေလွှာပါ လာထိုင်ကြသည်။

"ကိုကိုကလည်း အဲ့တစ်ယောက်ကို ဘာလို့အလေးပေးနေတာလဲ မသိဘူး....သူ့အတွက်နဲ့ အိမ်ပေါ်ကဆင်းသွားရတယ်လို့...
အဓိပ္ပါယ်မရှိတာတွေ....ဒယ်ဒီနဲ့မာမီကို သူ့စိတ်ထဲမှာ ရှိသေးရဲ့လား မသိဘူး...."

ပွင့်ချေလွှာက မြှောက်ထိုးပင့်ကော်လေး.လုပ်ပေးလိုက်တော့ ဦးအသင်္ချေမှာ.....

"လုံးဝကိုမရှိတာ...စိမ်း မင်းသားကလေ အိမ်ပြန်လာဖို့ ခေါ်တာတောင် ပြန်မလိုက်နိုင်ဘူးတဲ့ သူရှိတဲ့နေရာမှာ အဲ့ကောင်ရှိနေမှာမို့လို့ ဒယ်ဒီတို့ သတိရတဲ့အခါကျ ခေါ်လိုက်ပါ သူလာခဲ့ပါမယ်တဲ့ ဘယ်လောက် ဒေါသထွက်ဖို့ကောင်းလဲ..တောက်
အေဂျင်စီမှာမို့လို့ ငါဒေါသထိန်းထားရတာ..."

ထိုစဉ် ဒေါ်ဝတ်လွှာစိမ်းက မျက်ရည်ကျလာကာ....

"အဲ့တာရှင့်ကြောင့်လေ ရှင်လုပ်တဲ့ အရှုပ်ထုပ်တွေကြောင့်
ကျွန်မသားလေး အိမ်ပေါ်ကဆင်းသွားတာ...ရှင့်အမှိုက်ထုပ်က
ကျွန်မသားလေးကို ခိုင်းစားနေမှာ....အခုတောင် သူ့ဘက်ပါနေပြီ...
နောက်ဆိုရင် ကျွန်မတို့ကို မျက်လုံးထဲတောင် ရှိတော့မှာ မဟုတ်ဘူး......"

ဒေါသထွက်နေသောဖခင်နှင့် ငိုနေသောမိခင်တို့ကို ပွင့်ချေလွှာက ခေါင်းကိုတဖြည်းဖြည်းချင်းခါရင်း စိတ်ပျက်သည့်အကြည့်နှင့် ကြည့်နေလေသည်။

ထို့နောက်.......ပခုံးရှေ့ကျနေသော ဆံပင်တွေကို အနောက်ပို့ရင်း...

"နှစ်ယောက်လုံး ဒေါသထွက်နေလို့ ငိုနေလို့ ဘာမှထူးမှာမဟုတ်ဘူး....ကိုကို့အကြောင်းကို သိရဲ့သားနဲ့
ဒယ်ဒီတို့စကားကို ဘယ်တုန်းက နားထောင်လို့လဲ....ဒီလိုလုပ်လို့မရဘူး....
အားနည်းချက်ကိုကိုင်ပြီး ကိုယ်ဖြစ်စေချင်တာဖြစ်အောင် လုပ်ရမှာ...
ဘယ်လိုပြောရမလဲ weak pointကို ထိအောင်လုပ်ရမှာ...."

ပွင့်ချေလွှာပြောတာကို နှစ်ယောက်လုံး နားမလည်ဘဲ ပြန်ကြည့်နေကြသောကြောင့် ပွင့်ချေလွှာက ဟန်ပါပါနှင့် ခြေထောက်နှစ်ချောင်းချိတ် ထိုင်လိုက်ကာ....

CHANGE(ချိန်း)Completed(Z&U)Hikayelerin yaşadığı yer. Şimdi keşfedin