အားလုံးရဲ့ အကြည့်က ကြယ့်ဆီမှာ....
အထူးသဖြင့် ချေမိုးရဲ့ အကြည့်စူးစူးက ကြယ့်နောက်ကျောပေါ်သို့ ကျရောက်လျှက်...
သို့ပေမဲ့ ကြယ်ကိုင်ထားတဲ့ သူ့ရဲ့လက်ကိုတော့ မဖြုတ်မိသေး.......။ကြယ်တွန်းလိုက်တဲ့ အရှိန်က သိပ်မပြင်းသော်လည်း ရုတ်တရက်မို့ ထိုမင်းသားသည် ကြမ်းပြင်ပေါ်မှာ
ဖင်ထိုင်လျှက်လေး လဲသွားလေသည်။ကိုစိုးဦးမှာလည်း သူ့ဘေးနားက ထွက်သွားသော ကြယ့်အား တားချိန်တောင်မရလိုက်ဘဲ ရုတ်တရက်ဖြစ်သွားသော အဖြစ်အပျက်ကြောင့် ကြောင်အအလေး ဖြစ်ကာ ကျန်ရစ်နေလေသည်။
"ဟာ.....ဘာဖြစ်တာလဲ......."
Screenပေါ်မှာ ရိုက်ကွက်တွေအား စိတ်ဝင်တစား ကြည့်နေရာမှ ကြယ်လုပ်လိုက်သော အရာကြောင့်
ဒါရိုက်တာမှာ အသံအကျယ်ကြီးနှင့် ထအော်လေသည်။"ချေမိုး.....ဘာတွေဖြစ်နေတာလဲ......"
ဒါရိုက်တာကြီး မေးသံကြားတော့မှ ချေမိုးသည်
အကြည့်စူစူးဖြင့် ကြည့်နေရာမှ ကြယ့်လက်တွေအား ဖြုတ်ချလိုက်ပြီး....."ကြယ်....ဘာဖြစ်တာလဲ....
ရုပ်ရှင်ရိုက်နေတယ်လေ....မင်းနားမလည်ဘူးလား....
သူများတွေ ဘယ်လိုနေလဲ ကြည့်နေပါလား...
မင်းအရူးလား....ဒီလောက်လေးတောင် လိုက်ပြောနေရမှာလား....မင်းကြောင့်
ဇာတ်ကွက်တစ်ကွက်စာ အချိန် အလဟာသဖြစ်သွားပြီ...ရုပ်ရှင်ရိုက်တယ်ဆိုတာ
မင်းကြည့်နေသလောက် လွယ်တာမဟုတ်ဘူး...."ဒေါသတကြီးနှင့် ချေမိုးပြောတာတွေကို ကြယ်သည်
မျက်နှာကိုအောက်ချကာ နားထောင်နေလေသည်။သူကိုယ်တိုင်လည်း ဘာဖြစ်သွားမှန်းမသိလိုက်....
ထိုမင်းသားက ချေမိုးအား အတင်းအကျပ်
အသားယူနေတာကို ကြည့်နေရင်းနှင့်ပင် ဒေါသထွက်မိသည်။စိတ်ထဲမှာ ဖြစ်ပေါ်လာသည့်အလျောက် ပြုမူပြီးမှ
ချေမိုးအော်လိုက်တာကြောင့် ငါဘာတွေလုပ်မိသွားတာလဲ
ဆိုပြီး တွေးနေမိသည်။
.
.
.ချေမိုးပြောသည်ကို ကြယ်က ဘာမှပြန်မပြော
ခေါင်းသာငုံ့နေရင်း နားထောင်နေလေသည်။
ချေမိုးရဲ့ဒေါသတကြီး ပြောသံတွေကြောင့်
အခြားသူတွေပါ ငြိမ်ပြီး ကြယ်နှင့် ချေမိုးတို့အား ကြည့်နေကြသည်။
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........