တစ်နေကုန် အေဂျင်စီမှာ သရုပ်ဆောင်အသစ်တွေနဲ့
လိုအပ်တာတွေပြော၊တခြားစာချုပ် ကိစ္စတွေလုပ်နဲ့
အချိန်က ကုန်မှန်းမသိ ကုန်လာသည်...။ကြယ်ကတော့ ချေမိုးလုပ်သမျှအကုန် ဘေးကရပ်ကြည့်နေရုံဘဲ ဒီအလုပ်တွေလည်း သူဘာမှမသိတော့ ဒီတိုင်းငြိမ်ငြိမ်ရပ်ကြည့် နေရတာလည်း
သူ့အတွက်အလုပ်ဘဲ....။တိုလီမုတ်စလေးတွေ၊ ဟိုလူ့ဆီဒါလေးသွားပေးပါ
ဒါလေးသွားယူပေးပါ ဆိုရင်တော့ သူသွားပေးရတယ်...။
တောက်တိုမယ်ရပေါ့.....။သူစဉ်းစားမိတယ်....ဒီတောက်တိုမယ်ရအလုပ်ကို
ချေမိုးက ဘယ်လိုစိတ်နဲ့ သုံးသိန်းပေးပြီး ခေါ်တာလဲလို့ပေါ့......သူတို့လို သူဌေးသားတွေအတွက် ပိုက်ဆံက သိပ်ပေါနေတယ် ထင်ပါတယ်...
ပိုက်ဆံရှိတဲ့ သူတွေကျတော့
ပိုက်ဆံတန်ဖိုးမသိဘဲ မလိုအပ်တဲ့နေရာတွေမှာ သုံးဖြုန်းကြတယ်....ကြယ်တို့လို လူတွေကျတော့
ပိုက်ဆံတန်ဖိုးကို နားလည်ပြီး
လိုအပ်တဲ့နေရာတွေမှာ သုံးချင်ပေမဲ့
ပိုက်ဆံကမရှိဘူး.......ကဲ.....လောကကြီးက
ဘယ်လိုတောင် လှည့်စားလွန်းသလဲ....ရတာမလို လိုတာမရတဲ့ ဘဝမှာ
ပျော်ပျော်နေဖို့က လွယ်ပေမဲ့....
စိတ်ဓာတ်လေးမှ မကြံ့ခိုင်ရင်
အသက်ရှင်ရပ်တည်ဖို့ ခက်ခဲလွန်းတယ်.....
.
.
.
အေဂျင်စီကနေ ပြန်ထွက်လာတော့ဘဲ
အချိန်က ၂နာရီလောက်ဖြစ်နေပြီ.....။ကြယ်ကားပေါ်တက်ဖို့ ပြင်ရုံရှိသေး......
"ကြယ်....ဒီကိုလာ......."
ချေမိုးလာခိုင်းတဲ့နေရာက ကားမောင်းသူနေရာ...။
ကြယ်ခေါင်းနပန်းကြီးသွားတယ်။ သူတကယ် ကားမောင်းသင်ရတော့မှာလား....။ချေမိုးပြောထားတဲ့ စကားကြောင့် သူကြောက်တယ် ဆိုတာကို မပြောတော့ဘဲ ကားမောင်းသူနေရာမှာ ဝင်ထိုင်လိုက်တယ်...။
အဲ့နေရာကို ရောက်သွားတယ်ဆိုရင်ဘဲ
ကြယ်တစ်ယောက် ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်ကာ တုန်လှုပ်နေတယ်။ ဒါတောင် ထိုင်ရုံဘဲရှိသေးတာ....။
တကယ်သာမောင်းရမယ်ဆို သူဘယ်လိုနေမလဲလို့
စိတ်ထဲကတွေးမိတယ်.....။
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........