Part 22(Unicode)

10.3K 918 35
                                    

"မငိုပါနဲ့ အကိုလေးရာ......."

တိုးတိုးသာသာ ပြောတဲ့ သူ့စကားသံကြားမှ
ကျွန်တော့ပါးပြင်တစ်လျှောက်ကို ပြန်စမ်းကြည့်မိသည်။

တကယ်ကို ကျွန်တော်ငိုလိုက်မိတာဘဲ......။

ငိုရတာကိုမကြိုက်တဲ့ ကျွန်တော်ကလေ....။
အထူးသဖြင့် သူစိမ်းတွေရှေ့မှာ....အားနည်းတဲ့ပုံကို
မပြချင်တဲ့ ကျွန်တော်က ကြယ့်ရဲ့ရှေ့မှာ
အရင်တုန်းက အကြောင်းတွေပြန်ပြောပြီး
ငိုနေမိတာ......။

ရှက်မိတာလား....၊ အားနာမိတာလား မသိတဲ့
စိတ်တစ်ခုက ပါးပြင်ပေါ်က မျက်ရည်တွေကို လက်နဲ့ခပ်ပြင်းပြင်း ပွတ်သပ်မိတော့သည်။

"အာ...sorryကြယ်....
ငါစိတ်လွတ်သွားတယ်....
မေ့ပစ်လိုက်ပါ....ငါအခုပြောတာတွေအကုန်
မေ့ပစ်လိုက်......"

ငိုထားလို့ တုန်ယင်နေတဲ့အသံက မပျောက်သေးတာတောင်
တည်ငြိမ်တဲ့မျက်နှာဘေးနဲ့ ပြောလာသူအား
ကျွန်တော် ဘယ်လိုနားလည်ရမလဲ....။

သူသရုပ်ဆောင် ကောင်းတယ်ဆိုတာ သိပေမဲ့....
ကင်မရာမရှိတဲ့အချိန်၊ အထူးသဖြင့် ကျွန်တော့ရှေ့မှာ
ဟန်ဆောင်နေမှန်း သိသိရက်နဲ့ သူ့သဘောကျ
ခေါင်းငြိမ့်ပြရတာလည်း ဝဋ်တစ်မျိုးဘဲ.....။

နှစ်သိမ့်ပေးချင်တယ်၊ စိတ်သက်သာရတဲ့ စကားတွေ
ပြောပေးချင်တယ်၊ ဒါပေမဲ့ သူနဲ့ကိုယ်က ဘာမှမဆိုင်ဘူးဆိုတဲ့ စိတ်တစ်ခုက စည်းခြားပစ်လိုက်တာ
ကျွန်တော့ရင်တွေ မွန်းကြပ်မတတ်။

"စိတ်ချပါ အကိုလေး...."

တစ်ခွန်းတည်းသော စကားအားဆိုပြီးနောက် သူနဲ့ကျွန်တော့ကြား လေထုက နောက်တစ်ကြိမ် တိတ်ဆိတ်ခြင်းဆီသို့ ကူးပြောင်းသွားပြန်သည်။
.
.
.
.
.
"ကြယ်....အပေါ်လိုက်လာခဲ့......."

နှုတ်ခမ်းကဒဏ်ရာက ဘာဖြစ်တာလဲဆိုတဲ့
ဦးညိုရဲ့အမေးကိုတောင် ပြန်မဖြေနိုင်ဘဲ
သူ့နောက် အပြေးလိုက်သွားမိသည်။

အခန်းထဲရောက်တော့ အံဆွဲထဲကနေ
တစ်ခုခုထုတ်နေရင်း ကျွန်တော်ရောက်လာတော့
နောက်လှည့်ကြည့်ကာ ကုတင်ပေါ်မှာ ထိုင်ဖို့ပြောသည်။

CHANGE(ခ်ိန္း)Completed(Z&U)Où les histoires vivent. Découvrez maintenant