Part 9(Unicode)

12.8K 1.2K 6
                                    

မီးဖိုခန်းထဲသို့အရောက် တစ်ခုခုနှင့်တိုက်မိသောကြောင့်
ကြယ်တစ်ယောက် လန့်ပြီး အော်လိုက်မိသည်။

"အောင်မလေးဗျ......ဘာကြီးလဲ......."

ကြယ်သူရှေ့မှာ ရှိနေသော တစ်ခုခုကို လက်နဲ့လိုက်စမ်းနေလေသည်။

"ဒါကဘာလဲ.....ဆံပင်လားမသိဘူး....
ဟင်.....မျက်လုံးနဲ့တူတယ်......
နှာခေါင်း.....နှုတ်ခမ်း....အကုန်ပါတယ်ဟ....
ဒါလူပေါ့......နေပါဦး....သူခိုးများလား......"

ထိုအချိန်တွင် ကြယ်ရှေ့မှာရှိသော လူထံမှ
အသံတစ်ခုကြားလိုက်ရသည်။

"အေး.....တကယ့်သူခိုးသာဆို...
မင်းကို သတ်ပြီး ထွက်ပြေးသွားတာ ကြာပြီ......"

"အကိုလေးလား......"

"မဟုတ်ဘူး.....မင်းဘကြီး.....
လက်ဖယ်........"

ချေမိုးအော်လိုက်တော့မှ ကြယ်သည် သူ့လက်တွေကို
ချေမိုးမျက်နှာထက်မှ ဖယ်ပေးလိုက်တော့သည်။

စားပွဲပေါ်ကို တစ်ခုခုချသံ ကြားလိုက်ရသည်။ ပြီးနောက်
မီးဖိုခန်းတစ်ခုလုံး မှောင်မနေတော့ဘဲ မီးဖွင့်လိုက်သောကြောင့် လင်းသွားသည်။

အမှောင်ကနေ အလင်းဘက်သို့ ရုတ်တရက်ရောက်လာသောကြောင့် မျက်လုံးတို့မှာ
အလင်းစူး၍ တော်တော်နှင့်ဖွင့်မရ...။

ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တော့မှ ကြယ့်အားစိုက်ကြည့်နေသော ချေမိုးကို တွေ့လိုက်ရသည်။

ကြယ်ရယ်ပြလိုက်ရင်း.....

"အကိုလေး...မအိပ်သေးဘူးလား...
ဒီအချိန်ကြီး ဘာထလုပ်တာလဲ....."

ချေမိုးက စားပွဲပေါ်သို့ မေးထိုးပြသည်။
ကြည့်လိုက်တော့ ရေဘူးတစ်ဘူးကို တွေ့ရသည်။

"အော်.....ရေထသောက်တာပေါ့....."

"မင်းကရော....ဘာထလုပ်တာလဲ......"

ချေမိုးအသံကတော့ ဘယ်အချိန်ဖြစ်ဖြစ် မပြောင်းမလဲ.....။

ကြယ်က သူ့ဗိုက်လေးကို ပွတ်ပြလိုက်ရင်း.....

"ဟို.....ကျွန်တော်....ဗိုက်ဆာလို့......."

"ဆာမှာပေါ့....အချိန်ရှိတုန်းကမှ မစားတာ...."

CHANGE(ခ်ိန္း)Completed(Z&U)Onde histórias criam vida. Descubra agora