"ဦးညိုရေ....သွားမယ်....အဆင်သင့်ပြင် ထားလိုက်တော့..."
"သား.....မုန့်စားသွားဦးလေ......."
ရေခဲသေတ္တာကိုဖွင့်ကာ ရေတစ်ဘူးယူရင်းဖွင့်သောက်
လိုက်ပြီးနောက် အမေဖြစ်သူ၏ မျက်နှာကိုပင် မကြည့်ဘဲ
ပြန်ဖြေလိုက်သည်။"မစားတော့ဘူးမာမီ.....ကျွန်တော်နောက်ကျနေပြီမို့လို့..."
ချေမိုးမြင့်ပိုင်၏အဖြေကို ကြားပြီးသည့်နောက်.....
ဒေါ်ဝတ်လွှာစိမ်းက သက်ပြင်းချသည်။ဒေါ်ဝတ်လွှာစိမ်းဆိုသည်မှာ Dreamအနုပညာအေဂျင်စီ
ပိုင်ရှင်ဖြစ်သူ ဦးအင်္သချေ၏ ဇနီးဖြစ်ပြီး ချေမိုးမြင့်ပိုင်နှင့်
ပွင့်ချေလွှာတို့၏ မိခင်လည်းဖြစ်သည်။"မနက်တိုင်း....အစားမစားဘဲ အလုပ်လုပ်တာ
မကောင်းဘူးနော်သား...မနက်ပိုင်းမှာ ကောင်းကောင်းစားမှ တစ်နေကုန် အလုပ်လုပ်နိုင်မှာပေါ့..."ဒေါ်ဝတ်လွှာစိမ်း၏စကားကို ချေမိုးမြင့်ပိုင်က
ခနဲ့တဲ့အပြုံးနဲ့ပြုံးလိုက်ရင်း......"စိတ်ပူမနေပါနဲ့မာမီရာ....မနက်စာလေးမစားတာနဲ့
ဘာမှဖြစ်မသွားဘူး....ဟန်လုပ်ပြီးပြောမနေပါနဲ့...."ချေမိုးမြင့်ပိုင်၏စကားကြောင့် ဦးအင်္သချေက သောက်လက်စကော်ဖီခွက်ကို အသံမြည်အောင် ချလိုက်ရင်း.....
"ချေမိုး......မင်းအမေကို ဘယ်လိုပြန်ပြောလိုက်တာလဲ
မိဘကအကောင်းနဲ့ပြောတာကို ပြန်ရွဲ့နေတယ်....""ကျွန်တော်ရွဲ့တာမဟုတ်ဘူး....ဒယ်ဒီ....
စိတ်ထဲကမပါဘဲမပြောဖို့ ပြောနေတာ......""မင်း......."
ဒေါ်ဝတ်လွှာစိမ်းက ဦးအင်္သချေ၏လက်ကို ဆုပ်ကိုင်လိုက်ရင်း ဆက်မပြောတော့ဖို့ မျက်လုံးဖြင့် အချက်ပြလိုက်သည်။
ထိုအချိန်တွင် ချေမိုး၏ညီမဖြစ်သူ ပွင့်ချေလွှာက....
"ဒယ်ဒီနဲ့မာမီရယ် ကိုကိုမစားချင်လည်း ကျွေးမနေပါနဲ့...
မာမီတို့စကားကို ဘယ်တုန်းကများ နားထောင်ဖူးလို့လဲ...
လွှတ်ထားလိုက်....ကလေးလည်းမဟုတ်ဘူး....
သူ့ဘာသာဆာတော့....စားမှာပေါ့......"
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........