Part 37

19.1K 1.4K 149
                                    

ကောင်းကင်မှာလက်နေတတ်တဲ့ ကြယ်လေးတွေလည်း
ဒီနေ့ညမှ ဘယ်နေရာဆီ တိုးဝင်ပျောက်ကွယ်နေသည်မသိ....။

လမင်းကြီးတစ်လုံးတည်းသာ မှောင်မည်းနေသော ကောင်းကင်ထက်မှာ နေရာယူထားပြီး အလင်းဓာတ်နည်းနည်းကို
ကမ္ဘာမြေပေါ်သို့ ဖြာကျပေးထားသည်။

ဒီညသည် ခါတိုင်းညတွေနှင့်မတူဘဲ တိတ်ဆိတ်ငြိမ်သက်နေသော ညတစ်ည.....

လမင်းအလင်းရောင်အပြင် လျှပ်စစ်မီးအလင်းရောင်အကူအညီကြောင့် လင်းနေသော
ခြံဝန်းထဲရှိ ဒန်းပေါ်တွင် ထိုင်နေကြသူ ကောင်လေးနှစ်ယောက်ရဲ့ ရင်ထဲမှာလည်း ယခုညလို တိတ်ဆိတ်မှောင်မှိက်နေမည်လား....

ကောင်းကင်ကိုငေးကြည့်နေရာမှ ကြယ်သက်ပြင်းချလိုက်ပြီး...
ချေမိုးဘက်သို့လှည့်ကြည့်လိုက်သည်။

ချေမိုးသည်လည်း မှောင်မိုက်နေသော ကောင်းကင်ကို
တွေတွေလေး ငေးကြည့်နေခဲ့သည်။

"မနက်ဖြန်ဆို....
မင်းမင်္ဂလာဆောင်ရတော့မယ်နော်....ချေမိုး...."

မှိန်ပျပျလင်းနေသော အလင်းရောင်အောက်တွင် ချေမိုးမျက်နှာပေါ်ကအရိပ်အယောင်ကို ကြယ်သဲသဲကွဲကွဲ မမြင်ရ....။

မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေမည်လား.....။

ကျွန်တော်ကတော့ တစ်ရက်နီးလာလေလေ ရင်ဘတ်ထဲက
နှလုံးသားကို ကိုင်ဆောင့်ခံနေရသလို နာကျင်လာလေလေ....။

နောက်ဆုံးတော့ ကျွန်တော်မရောက်စေချင်တဲ့
နေ့ရက်ကို နာရီပိုင်းအကြာမှာ ကြုံတွေ့ရတော့မှာ.....။

"ကြယ်.....ငါမင်းကိုကျေးဇူးတင်တယ်....."

"ဘာအတွက်လဲ....."

"ဒီလိုဘဲ အရာအားလုံးအတွက်ပေါ့....."

ခဏလေးသာမျက်နှာချင်းဆိုင်ပြီး ကြယ့်ဆီမှအကြည့်တွေပြန်လွှဲလိုက်သည်။

မျက်လုံးပေါ်လက်နဲ့စမ်းကြည့်လိုက်တော့
ဘယ်ကရောက်လာမှန်းမသိတဲ့ရေစက်တွေ.....။

မျက်လုံးအိမ်ကမဟုတ်ဘဲ ဟိုးရင်ဘတ်အတွင်းပိုင်းက နာကျင်မှုနဲ့အတူ ထွက်လာတဲ့ ရေစက်တွေ......။

CHANGE(ချိန်း)Completed(Z&U)Where stories live. Discover now