အိပ်ရာထဲမှာ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နှင့်
ကြယ်တစ်ယောက် အိပ်မပျော်နိုင် ဖြစ်နေသည်။ပြင်ဦးလွင်မှာ ဖြစ်ခဲ့သမျှ အကြောင်းအရာအားလုံးအား
တစ်ခုချင်းစီ ပြန်စဉ်းစားနေသော်လည်း ချေမိုးစိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့မိသည့်
အကြောင်းတစ်စုံတစ်ရာ မရှိခဲ့....။တစ်ခုဘဲ......။
ခေါင်းထဲရောက်လာသည်က
နီးကပ်နေသော မျက်နှာနှစ်ခု...မဟုတ်မှလွဲ....
အဲ့ကိစ္စနဲ့ပတ်သတ်ပြီး တစ်ခုခုဖြစ်သွားတာလား....။*ငါလည်း ဘာမှမလုပ်ခဲ့မိပါဘူး.....*
တစ်ခုခုမကျေနပ်ဘူးဆို ဒဲ့ပြောတာမှ တော်ဦးမယ်...။
အော်ချင်အော်၊ လုပ်ချင်သလိုလုပ်။ ဒါပေမဲ့ ဒီလိုကြီး
ရှောင်ဖယ် ရှောင်ဖယ် လုပ်နေတာတော့ ခံရခက်လွန်းတယ်.....။စိတ်ထဲမှာ ဘဝင်မကျသလိုလို၊ ပုံမှန်အတိုင်း သွားလာနေထိုင်နေပေမဲ့ တစ်ခုခုလိုနေသလိုကြီး....။
အကြောင်းမယ်မယ်ရရ မရှိဘဲ သက်ပြင်းခဏခဏ ချမိနေတာမျိုးကြီး.....။*ခံစားချက်ကြီးက ဆိုးလိုက်တာ
ချစ်ရတာ ဒီလိုမျိုးဘဲလား....*
.
.
.
.
.
.
"သား....အိပ်လို့မရဘူးလား....."ကြယ် လူးလိမ့်နေတာကြောင့်
ဦးညိုကနိုးလာပြီး မေးခြင်းဖြစ်သည်။"အာ....ဦးညို....
ကျွန်တော့ကြောင့် နိုးသွားတာလား.....""မဟုတ်ပါဘူး....ဦးညိုလည်း အိပ်မပျော်လို့....."
အမှောင်ထဲမှာမို့ တစ်ယောက်မျက်နှာ တစ်ယောက်မမြင်ရပေမဲ့ အသံကြားရရုံနှင့် သိသည်။
ဦးညို အိပ်မပျော်လို့ဆိုတာ ဟုတ်မှမဟုတ်ဘဲ။ကျွန်တော် လူးလိမ့်နေတဲ့အသံကြောင့်
ဦးညို နိုးသွားတာ ဖြစ်ပုံပေါ်သော်လည်း
သူတစ်ပါး စိတ်အနှောင့်အယှက်မဖြစ်အောင် မုသားသုံးလိုက်ဟန်တူပါသည်။ဦးညိုနှင့်ကျွန်တော့ကြားမှာ ခဏလောက် တိတ်ဆိတ်နေရာမှ ...ဦးညိုကနေစပြီး....
"အိပ်မပျော်သေးရင် ဦးညိုနဲ့စကားပြောမလား...
သားပြောချင်တာရှိရင်ပြောလေ ဦးညိုနားထောင်ပေးမယ်..."
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........