Part 35

16.7K 1.3K 88
                                    

"ဦးညို....ရေးကြီးသုတ်ပျာနဲ့ ဘယ်သွားမလို့လဲ...."

ဒေါ်ဝတ်လွှာစိမ်းက ဦးညိုရဲ့ အလောတကြီးဖြစ်နေပုံကိုမြင်ပြီး
မေးလိုက်ခြင်းဖြစ်သည်။

"အကိုလေးနေမကောင်းလို့....ဆရာဝန် သွားခေါ်ပေးမလို့ပါ...
မမကြီး...."

"သား...နေမကောင်းဘူး..ဟုတ်လား...
ဘယ်လိုဖြစ်လို့လဲ...မနက်ကအကောင်းပါ..."

"ဦးညိုလည်းမသိဘူး...အခု ဆရာဝန်သွားပင့်လိုက်ဦးမယ်နော်
အပေါ်မှာသား ကြယ်တော့ ကြည့်ပေးနေတယ်....
ဦးညိုသွားပြီနော်..."

ဦးညိုလည်း စကားစဖြတ်ပြီးတာနဲ့ အမြန်ထွက်လာခဲ့သည်။

ဒေါ်ဝတ်လွှာစိမ်းနားတွင် ဦးအသင်္ချေပါ ရှိနေတာကို ဦးညိုတွေ့ခဲ့သည်။ အမေဖြစ်သူက စိတ်ပူပန်နေသလောက်
ထိုသူမှာတော့ အေးအေးဆေးဆေးနှင့်ပင် သတင်းစာထိုင်ဖတ်နေသည်က ပုံစံမပြတ်....။

ချေမိုးနေရာမှာ ပွင့်ချေလွှာသာဆိုရင်
အခုဆရာဝန်ပြေးခေါ်တဲ့သူက ဦးညိုမဟုတ်ဘဲ
သူဖြစ်နေလောက်ပြီ....။

ငယ်ငယ်လေးကတည်းက ချေမိုးက ဦးညိုလက်ပေါ်မှာ ကြီးပြင်းရသူမို့ သံယောဇဉ်ရှိတာထက်ပိုပြီး ကိုယ့်ကလေးတစ်ယောက်လို ချစ်သည်။

မိဘနှစ်ပါးရဲ့ ဂရုစိုက်မှုတွေ လိုချင်တာတောင် ထုတ်မပြောဘဲ
တစ်ယောက်ထဲ ကိုယ့်အားကိုယ်ကိုးပြီး အသိအမှတ်ပြု
ခံရအောင် ကြိုးစားခဲ့တာလည်း ဦးညိုမျက်မြင်ပင်....။

သို့သော်....ကြိုးစားမှုတိုင်း အသိအမှတ်ပြုမခံရတဲ့အခါ
ချေမိုးသည် ခက်ထန်မာကျောတဲ့သူ ဖြစ်ခဲ့သည်။
တကယ်တမ်းကျ စိတ်သဘောထား အလွန်နူးညံသည်ကို
အနီးကပ် ထိန်းခဲ့ရသူမို့ သူများထက်ပိုသိသည်။

ဦးအသင်္ချေတို့ ချေမိုးကိုထားပြီး ခရီးထွက်သွားတဲ့အချိန်တွေမှာ
တစ်ယောက်ထဲ ထမင်းမစားချင်လို့ ဦးညိုတို့လို
အလုပ်သမားတွေကို သူနဲ့တူတူထမင်းစားခိုင်း တတ်တာတွေ

နှုတ်ကသာ ကြမ်းကြမ်းတမ်းတမ်းတွေ ပြောတတ်ပေမဲ့
ပြောလိုက်တဲ့အရာတွေက ကောင်းစေချင်တဲ့စိတ်နဲ့သာ
ရည်ရွယ်ပြီး ပြောခဲ့တာတွေ.....

CHANGE(ချိန်း)Completed(Z&U)Where stories live. Discover now