Part 5(Unicode)

14.5K 1.5K 22
                                    

"အေးကွယ်.....ဒကာလေး.....သွားလေရာ၊ ရောက်လေရာမှာ....ခလုတ်မထိ၊ဆူးမငြိဘဲ ကျန်းမာပျော်ရွှင်ပါစေ.....အားတဲ့အခါ ဘုန်းဘုန်းတို့ဆီလည်း....လာလည်ပေါ့....ဟုတ်လား....."

ဆရာတော်အား ဦးသုံးကြိမ်ချနေရင်းနဲ့မှ
ဝမ်းနည်းလို့ ဝေ့လာသော မျက်ရည်တွေအား....
အပြင်သို့ထွက်မကျအောင် မျက်တောင် ပုတ်ခတ်၊ပုတ်ခတ်
လုပ်ပြီးမှ..."တင်ပါ့ဘုရား"...ဟုပြောလိုက်သည်။

ဒီဆုံးဖြတ်ချက်ရဖို့....လွန်ခဲ့တဲ့နှစ်ရက်အတွင်း....
ခေါင်းမီးပွင့်မတက် အကြိမ်ကြိမ်စဉ်းစားခဲ့ရသည်။
ခန္ဓာကိုယ်ထဲက လေပူတွေအား အပြင်ဘက်သို့
တွန်းထုတ်မိခဲ့တာလည်း ဘယ်နှစ်ကြိမ်၊ဘယ်နှစ်ခါ မှန်းမသိတော့.......။

ညဘက်ရောက်လို့ မျက်လုံးမှိတ်စဉ်းစားလိုက်ရင်
ပေါ်လာတတ်တဲ့ ဖြူစင်တဲ့အပြုံးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ....၊
ပြီးတော့ ကိုယ်ဖန်တီးပေးချင်တဲ့ စိတ်ကူးယဉ်ပုံရိပ်ယောင်လေးတွေ...

နောက်ဆုံးအနိုင်ယူသွားတာက ဖြစ်မလာသေးတဲ့
ကိုယ့်ရဲ့စိတ်ကူးယဉ်မှု၊ သူတို့လေးတွေအပေါ်ထားတဲ့
ကိုယ့်ရဲ့စေတနာ....။

ဘယ်သူ ဘယ်လိုဘဲတားတား....ကြယ်သွားမှဖြစ်မယ်လို့
ဆုံးဖြတ်လိုက်တော့ ကြယ့်ဆုံးဖြတ်ချက်ကို ဘုန်းဘုန်းက
ခေါင်းငြိမ့်ထောက်ခံပါသည်။

ဒီအကြောင်းကို ကြယ်ဘယ်သူမှပြောမထား.....
ဘုန်းဘုန်းနဲ့ကြယ်သာ သိသည့်ကိစ္စ.....။
ဘာမှမသိသေးတဲ့ ကလေးတွေကတော့ အဲ့နှစ်ရက်အတွင်းမှာ ကြယ်နဲ့ပျော်လို့မဆုံး.....။

မသွားရက်ဘူး.....။ကြယ်ထွက်သွားရင်
သူတို့လေးတွေ ဘယ်လိုနေမလဲ.....။ ဒီကိုစရောက်စတုန်းကလို ထမင်းမစားဘဲ
အော်ငိုနေကြမလား.......။

ကြယ်ကရော.....သူတို့လေးတွေကို ထားရစ်ခဲ့တဲ့
သူထဲကတစ်ယောက် ဖြစ်နေမှာလား......။

ဒါပေမဲ့....ကြယ်က သူတို့ကိုစွန့်ပစ်ခဲ့တာ မဟုတ်ဘူး....
သူတို့လေးတွေအတွက် ကြယ်ထွက်သွားမှာ....
ဟုတ်တယ်....ကြယ်ထားခဲ့တာ မဟုတ်ဘူး....။
သူတို့လေးတွေဆီ မရောက်ရောက်အောင် ကြယ်ပြန်လာမှာ....။

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now