ချေမိုးထွက်သွားတော့ ပွင့်ချေလွှာနဲ့ဒေါ်ဝတ်လွှာစိမ်းက
အိမ်ပေါက်ဝမှာရပ်ကာ ဝင်လာသော ကားနှစ်စီးကို ကြည့်နေကြသည်။ ဦးအင်္သချေကတော့ ထိုကားနှစ်စီးပေါ်မှ ဆင်းလာသော သူများအား နှုတ်ဆက်စကားပြောနေသည်။မန်နေဂျာကိုစိုးဦးက ချေမိုးနားနားသို့ ကပ်ပြီးစကားပြောပြီးသည်နှင့် ချေမိုးလည်းခေါင်းငြိမ့်ကာ
ဧည့်သည်များအား အိမ်ထဲသို့ ဝင်ရန်ပြောသည်။Interviewမည့်ကောင်မလေးနှင့် အခြား
cameramanသုံးဦးသာ ချေမိုးတို့ အိမ်ထဲဝင်လာသည်။ နောက် camera manနှစ်ယောက်က ခြံဝန်းထဲရှိ
ရေကူးကန်၊ပန်းပင် စတာတွေကို လိုက်လံ မှတ်တမ်းတင်နေသည်။Interviewerမလေးအား ဧည့်ခန်းထဲတွင် ထိုင်စေကာ
ချေမိုးတို့ မိသားစုအကုန်လုံးသည်လည်း ဧည့်ခန်းထဲတွင်
ဝင်နေရာယူလိုက်သည်။Cameramanသုံးယောက်က ရှုထောင့်သုံးခုကနေ
ချိန်ထားလျှက် ရိုက်ကူးခြင်းလုပ်ဖို့ ပြင်ဆင်နေသည်။ချေမိုးထိုင်နေသော ဆိုဖာ၏လက်တန်းပေါ်တွင် တင်ပါးဆုံလွှဲလာထိုင်နေသော ပွင့်ချေလွှာ....
မသိရင် နှစ်ယောက်သားက ချစ်ချစ်ခင်ခင်ရှိကြတဲ့ မောင်နှမတွေလို.....။Interviewerနှင့်cameramanများ ပြင်ဆင်မှုပြီးသည်နှင့် ချေမိုးတို့ မိသားစုအကြောင်းအား
စတင်မေးမြန်းတော့သည်။Interviewerက cameraဘက်သို့ကြည့်ကာ....
"ကျွန်မကတော့ Tnetရုပ်သံလိုင်းမှာ ထုတ်လွှင့်နေတဲ့ About Starsဆိုတဲ့ အနုပညာရှင်တွေရဲ့ အကြောင်းကို
မေးမြန်းပြီး ရိုက်ကူးထုတ်လွှင့်နေတဲ့အစီအစဉ်မှ
Interviewer သက်သက်ချိုဖြစ်ပါတယ် ကျွန်မ အခုရောက်နေတဲ့နေရာကတော့ လက်ရှိအနုပညာလောကမှာ နှုတ်ခမ်းနီမလေးတွေကြား
ရေပန်းစားနေတဲ့ သရုပ်ဆောင် ချေမိုးမြင့်ပိုင်တို့အိမ်ဘဲ ဖြစ်ပါတယ်.....ပရိတ်သတ်အချို့ သိချင်နေကြတဲ့
မေးခွန်းလေးတွေနဲ့ ကိုချေမိုးမြင့်ပိုင်တို့ မိသားစုလေးရဲ့
အကြောင်းတွေကို မေးမြန်းသွားမှာ ဖြစ်ပါတယ်..."သက်သက်ချိုက သူပြောကြားစရာရှိတာတွေ ပြောပြီးသည်နှင့် ချေမိုးတို့ဘက်သို့ ပြန်လှည့်ကာ
မေးခွန်းတွေကို မေးမြန်းသည်။

ŞİMDİ OKUDUĞUN
CHANGE(ချိန်း)Completed(Z&U)
Romantizmတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........