ဦးညို၏မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေသည်။
ထိုကောင်လေး တစ်ခုခုဖြစ်သွားသည် အထင်နှင့်
ကြောက်နေပုံရသည်။ကားနောက်ခန်းကနေ လမ်းပေါ်မှာ ထိုင်လျက်လဲနေသော
ကောင်လေးကို တွေ့ပြီးသည့်နောက် ချေမိုးမြင့်ပိုင်က...
ထိတ်လန့်နေသော ဦးညိုပခုံးအား ကိုင်လှုပ်လိုက်ကာ"ဦးညို.....တိုက်မိသွားတာလား......."
ဦးညိုက အလျင်အမြန်ခေါင်းခါသည်။
"မတိုက်မိဘူး....အကိုလေးရဲ့.....ကောင်လေးက
လမ်းကြားထဲက ရုတ်တရက်ထွက်လာတာ.... ဦးညိုတွေ့တွေ့ချင်း....ဘရိတ်အုပ်လိုက်တာဘဲ....
မထိလောက်ဘူး....လန့်ပြီး လဲသွားတာထင်တယ်....
ပြဿနာရှာရင်တော့ ဒုက္ခဘဲ....."ဦးညိုရဲ့ညည်းတွားနေသံအား ချေမိုးမြင့်ပိုင်ကအလိုမကျစွာ
ခေါင်းကိုခါလိုက်ရင်း...ကားတံခါးဖွင့်ပြီး အပြင်ဘက်သို့ ထွက်ကာ ထိုကောင်လေးရှိနေရာသို့ သွားကြည့်လိုက်သည်။ချေမိုးမြင့်ပိုင်က ဘာမပြောညာမပြောဖြင့် ဆင်းသွားသောကြောင့် တစ်ခုခုဖြစ်မှာစိုး၍ ဦးညိုပါ
လိုက်ဆင်းလိုက်ရသည်။ချေမိုးမြင့်ပိုင်လည်း အောက်အရောက် ထိုကောင်လေးသည်လည်း
ထိုနေရာမှအထ......."အော်.....ထနိုင်တယ်ဆိုတော့....ဘာမှမဖြစ်ဘူးဘဲ....."
ဘောင်းဘီပေါ်က ပေသွားသောဖုန်တွေကို လက်နဲ့တဘုတ်ဘုတ်ခါနေရင်း....ချေမိုးမြင့်ပိုင်၏ စကားကြောင့် ထိုကောင်လေးက ချက်ချင်း ခေါင်းမော့ကြည့်လာသည်။
"ဘာလို့ဘာမှမဖြစ်ရမှာလဲ....ဒီမှာ...
မင်းမမြင်ဘူးလား....."သူလက်ညှိုးထိုးပြရာ နေရာသို့ကြည့်လိုက်တော့....
မြေပေါ်မှာ ကြွပ်ကြွပ်အိတ်တစ်လုံးက ကျနေလျှက်
ကြွပ်ကြွပ်အိတ်ထဲမှ ထွက်ကျလာဟန်တူသော ဘဲဥများကလည်း လမ်းပေါ်မှာ ကွဲပြီး ပေပွနေလျှက်...
ကန်စွန်းရွက် နှစ်စည်းမှာလည်း ကြွပ်ကြွပ်အိတ်၏ အတွင်းတစ်ပိုင်း၊ အပြင်တစ်ပိုင်းမှာ နေရာယူထားသည်။ထိုအခြင်းအရာကို မြင်ပြီးသည့်နောက် ချေမိုးက ထိုကောင်လေးမျက်နှာကို ပြန်ကြည့်လိုက်ပြီး......
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........