Ending(part 2)(Unicode)

15.7K 890 32
                                    

"သားလေး.....ပုဆိုးကို....ဘယ်လိုဝတ်လာတာလဲ....."

လှေကားကဆင်းဆင်းချင်း ပြောလိုက်သော ဒေါ်ပြည့်စကားကြောင့်
ချေမိုးလှေကားတစ်ထစ်ပြန်တက်ကာ ကြယ့်နောက်မှာ ကွယ်လိုက်သည်။

ကြယ်ကမရမကချေမိုးကို ရှေ့ပြန်တွန်းလိုက်ပြီး တဟားဟားနှင့်ရယ်နေသည်။ ကြယ့်ရဲ့ရယ်သံကြောင့် ဦးမိုးပါ ရောက်လာပြီး သုံးယောက်သား ချေမိုးကို ဝိုင်းကြည့်ကာ ရယ်နေကြသောကြောင့် ချေမိုး မနေတတ်ဖြစ်လာသည်။

သူတို့ရယ်လည်းရယ်ချင်စရာ...

သပ်သပ်ရပ်ရပ်ဖြစ်နေသည့်အပေါ်ပိုင်းနှင့်
အတိုအရှည်မညီမညာနှင့် စောင်ပတ်ထားသလို ဝတ်ထားသောပုဆိုးက လားလားမှ မသက်ဆိုင်....။

"သားရယ်......ဒေါ်ပြည့်မြေးလေးတောင်မှ....
သားထက်ပုဆိုးဝတ်တတ်သေးတယ်...."

ကလေးနဲ့နှိုင်းခံလိုက်ရတော့ ချေမိုးမျက်နှာ ဆူသည်ထက်ပို၍ ဆူပုတ်လာသည်။

"ကြယ်ရာ....ငါ့ကိုအခန်းထဲမှာကတည်းက
တစ်ခါထဲဝတ်ပေးပါဆို....အခုအကုန်ဝိုင်းရယ်ကုန်ကြပြီ...."

ချေမိုးစကားကို ကြယ်ဂရုစိုက်လား၊ မစိုက်လားကတော့ လျှာထုတ်ပြီးပြောင်ပြသည်က သက်သေပင်.....။

နောက်တော့ ရယ်ချင်လည်းရယ်ကြဟုဆိုကာ...
ပုဆိုးလည်း ပြင်မဝတ်ခိုင်းတော့ဘဲ...ထမင်းစားခန်းထဲ ဆူပုတ်ကာ ဝင်သွားသည်။

"စိတ်ဆိုးသွားပြီထင်တယ်...သားရေ...
သွားချော့လိုက်ဦး......"

ဒေါ်ပြည့်ကို ကြယ်ခေါင်းညိတ်ပြလိုက်ပြီး ချေမိုးနောက်ကနေ လိုက်ဝင်သွားလိုက်တော့ ထမင်းစားပွဲမှာ ဆူပုတ်ပြီး ထိုင်နေသည်ကို တွေ့လိုက်ရသည်။

"ချေမိုး....မင်းတကယ်စိတ်ဆိုးသွားတာလား....
ငါကနောက်တာကို....."

ချေမိုးရှေ့မေးလေးထောက်ကာ မျက်နှာငယ်လေးနှင့်ပြောနေသောကြယ့်အား ကြည့်ပြီး...
ဒေါ်ပြည့်နှင့် ဦးမိုးတို့က ရယ်နေကြသည်။

ပေကလပ်ပေကလပ် လုပ်နေသောရုပ်လေး....
စိတ်ရှိလက်ရှိ ဆွဲနမ်းလိုက်ရရင် ကြယ်တစ်ယောက် ရစရာမရှိဖြစ်တော့မည်။

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now