တကယ်တမ်း ပြန်ပြောပြသည့် အချိန်တွင်တော့
ဒေါ်မြနှင်းဖြူတစ်ယောက် သူမလုပ်ခဲ့တာတွေကို
ထိန်ချန်ထားပြီး ဦးအသင်္ချေက ပိုက်ဆံပေးကာ
ကိုယ်ဝန်ဖျက်ချခိုင်းကြောင်းနှင့် တာဝန်မယူခဲ့ဘူးဆိုသည့်
အကြောင်းကိုသာ ပြောပြခဲ့သည်။
.
.
.
ဒေါ်ဝတ်လွှာစိမ်းမှာ လက်သီးကို ခပ်တင်းတင်းဆုပ်ထားပြီး
အံကြိတ်ကာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး
တုန်ယင်နေသော်လည်း ဘာမှတော့မပြော....။သို့ပေမဲ့ ပွင့်ချေလွှာကတော့ ဖခင်ဖြစ်သူအား......
"ဒယ်ဒီ......သူပြောတာ အမှန်တွေလား....
ဒါဆို...ကြယ်က...ကြယ်က..တကယ်ဘဲ
ဒယ်ဒီ့သားလား...မဟုတ်ဘူးလို့ပြောပါ...
ဒယ်ဒီပြောလေ....သမီးသူနဲ့တော့
မောင်နှမ မတော်နိုင်ဘူးနော်.....ဒယ်ဒီ...."ဦးအသင်္ချေမှာ ခေါင်းကိုသာ တွင်တွင်ခါရင်း.....
"ချေလွှာ....သမီး....ခဏလောက် ငြိမ်ငြိမ်နေပေးပါ....
ဒယ်ဒီရှင်းစရာရှိသေးတယ်....ခဏလေး...
ခဏလေးပါဘဲ.."ထို့နောက် ဒေါ်မြနှင်းဖြူအား စူးစိုက်ကြည့်ကာ....
"မြနှင်း....ငါမင်းကို လုံလောက်တဲ့ငွေတွေ
ပေးခဲ့ပြီးသားနော်....အဲ့လိုပေးခဲ့တာ...
ကလေးဖျက်ချဖို့...မင်းလည်း ကတိပေးခဲ့တယ်လေ...
ဒါနဲ့များ... သူက ဘယ်လိုလုပ် ဒီအရွယ်ထိ အသက်ရှင်နေပြီးတော့ ငါတို့အိမ် ရောက်လာရတာလဲ...မင်းကြိုတင်ကြံစည်ထားတာ မှတ်လား...
တော်တော် အကြံကြီးတဲ့မိန်းမဘဲ......"ကြိုတင်ကြံစည်တယ်ဆိုသော ဦးအသင်္ချေစကားကြောင့်
ဒေါ်မြနှင်းဖြူတစ်ယောက် ဒေါသထွက်သွားမိကာ"ဒီမှာ ဦးအသင်္ချေ....ကျွန်မ ကတိပေးခဲ့တာမှန်တယ်.....
ဒါပေမဲ့ အပိုင်ကွက်တစ်ခုတော့ ထားရမယ်မလား...
ဒါမှ ကျွန်မလိုတဲ့အခါကျရင်...လိုသလို အသုံးချလို့ရမှာပေါ့.....ရှင်ပေးတဲ့ပိုက်ဆံကလည်း တစ်သက်လုံး သုံးမကုန်တဲ့
ပမာဏမှမဟုတ်တာ....ကလေးမဖျက်ချခဲ့တာလည်း
ဟုတ်တယ်...ဒါပေမဲ့ ကြံတင်ကြံစည်တယ်ဆိုတဲ့
စကားကတော့ များသွားပြီ ဦးအသင်္ချေ.....
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........