Part 15(Unicode)

10.7K 1K 2
                                    

"ဒါဘယ်လိုဖြစ်တာလဲ........."

ချေမိုးအသံကြားလိုက်တော့ ကြယ့်ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားသည်။

အဲ့ဒီ့အချိန် ချေမိုးကိုပြန်မော့မကြည့်ရဲ....။
ချေမိုးရဲ့အကြည့်စူးစူးတွေနှင့် ရင်မဆိုင်ရဲပေ....။
စာရွက်တွေကိုဘဲ ဂရုစိုက်နေဟန်ဆောင်လိုက်သည်။
စိတ်ထဲကတော့ ချေမိုးပြောမည့်စကားကို နားစွင့်နေရင်း
ကြောက်ရွံ့နေမိသည်။

ကျွန်တော်မေးတာကို ပြန်မဖြေဘဲ စာရွက်တွေကိုဘဲ
ဂရုစိုက်နေတဲ့ကြယ့်ကို ကြည့်ပြီး ဒေါသကထွက်လာရပြန်သည်။

အရေးကြီးသည့်စာချုပ်တွေကို ပျက်စီးအောင်လုပ်သည့်အတွက်ဘဲ ဒေါသထွက်ရမည်လား။
မေးတာကို ပြန်မဖြေတဲ့အတွက်ဘဲ ဒေါသထွက်ရမည်လား..။

ဘာအတွက်ကြောင့်ဘဲ ဒေါသထွက်ထွက်
စိတ်တိုတိုနှင့်...အော်လိုက်သည်။

"ဒီစာချုပ်တွေ ဘယ်လောက်အရေးကြီးလဲ
သိလားကြယ်....ဒီလိုစာချုပ်လေးချုပ်နိုင်ဖို့
ငါဘယ်လောက် ကြိုးစားခဲ့ရလဲ မင်းသိလား...
ဒါစာရွက်သက်သက်မဟုတ်ဘူး....ပိုက်ဆံတွေ အများကြီးရင်းထားရတဲ့ အလုပ်ကွ....
ဒါလေးတစ်ခုတောင် မင်းအဆင်ပြေပြေ မလုပ်နိုင်ဘူးလား..."

ဒေါသထွက်ထွက်နှင့် အော်နေသည့်လူကဘဲ
အရူးတစ်ယောက်လို သူကတော့ ဘာမှပြန်မပြောဘဲ ဒီတိုင်းထိုင်နေတာကြောင့် လက်နှစ်ဖက်နဲ့ အကျႌကော်လံကနေ ဆွဲကိုင်ကာ မတ်တပ်ရပ်စေလိုက်သည်။

ကြယ့်ပေါင်ပေါ်တင်ထားတဲ့ စာရွက်တွေကတော့ နောက်တဖန် မြေပြင်ဆီသို့.....

ဘာလို့မျက်လုံးချင်း ဆုံမကြည့်နိုင်တာလဲကြယ်...
မင်းငါ့ကိုတကယ် အရေးမလုပ်ဘူးပေါ့လေ......။

အကျႌကော်လံနှစ်စကို ကိုင်ထားရင်းက
ဘာမှပြန်မပြောတဲ့ကြယ့်ကြောင့် ချေမိုးပိုဒေါသထွက်ပြီး
ကြယ့်ရဲ့ခန္ဓာကိုယ်အား ရှေ့နောက်လှုပ်ယမ်းကာ...

"ပြောလေ....မင်းဘာလို့ငြိမ်နေတာလဲ....
ဘာလဲ အမှားလုပ်ပြီးမှ ကြောက်နေတာလား....
ဒီလိုမျက်နှာငယ်နဲ့လုပ်နေလို့ရော ငါကသနားမယ် ထင်နေတာလား...."

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now