လွန်ခဲ့တဲ့ရက်ပိုင်းက ဦးညိုကို အလုပ်သမားအသစ် တစ်ယောက် ရှာပေးဖို့ ချေမိုးပြောခဲ့သည်။
"ဦးညို......ကျွန်တော့အတွက် ခိုင်းလို့ကောင်းမယ့်
သူတစ်ယောက်လောက် လိုချင်တယ်......""ဦးညို.....ရှိနေတာဘဲလေ.....အကိုလေးရဲ့....."
ချေမိုးက မျက်ခုံးနှစ်ဖက်ကို တွန့်ကွေးလိုက်ကာ.....
"ဦးညိုက အရင်လို မလုပ်နိုင်တော့ဘူးလေ....
ကျွန်တော့အတွက်....ဘာခိုင်းခိုင်း....
သွက်သွက်လက်လက်
လုပ်ပေးနိုင်မဲ့...သူတစ်ယောက်လိုတယ်....."ဦးညိုမျက်နှာကမကောင်း....သူ့ကိုအလုပ်ထုတ်ပြီး....
ထွက်သွားခိုင်းမယ် ထင်နေပုံရသည်။ ချေမိုးကလည်း
အရိပ်အကဲ သဘောပေါက်သည်နှင့်......"ဦးညိုကို နှင်ချမှာ စိတ်ပူနေတာမလား....
ဘာမှပူမနေနဲ့....လူတစ်ယောက်လောက်ကတော့....
တင်ကျွေးထားနိုင်တယ်....ကျွန်တော်လည်း လူဆိုးမဟုတ်ဘူး....ကျွန်တော်နှစ်ခါမပြောချင်ဘူး..
ဦးညိုရာ...ကျွန်တော့ဘာသာရှာလည်းရတယ်....
ဒါပေမဲ့...လူရှာဖို့ အချိန်မပေးနိုင်လို့....ပြောရတာ....
ရှာပေးမှာလား....မရှာပေးဘူးလား......"ချေမိုးစကားကို တစ်ခါမှ မလွန်ဆန်ခဲ့ဘူးသော
ဦးညိုတစ်ယောက် ဒီတစ်ခါလည်း ခေါင်းငြိမ့်လိုက်ရပြန်သည်။သူစိတ်ပူသည်က တစ်ခြားမဟုတ်....
ချေမိုးရဲ့ မာရေကျောရေ နိုင်လှတဲ့ စရိုက်နဲ့ သူရှာပေးတဲ့လူက သည်းမခံနိုင်ရင် ကြားထဲက မျက်နှာပျက်ရမည်စိုး၍ ဖြစ်သည်။စဉ်းစားမိသည့် တစ်နေရာရှိသည်။ ငယ်စဉ်က ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းဆီမှာတော့ ရှာပေးလို့ရနိုင်သည်။
အဲ့သူငယ်ချင်းကလည်း ဘုန်းကြီးဝတ်ပြီး စာသင်ကျောင်းပုံစံလေး ထူထားကာ မိဘမဲ့ကလေးတွေကိုပါ
ကူညီစောင့်ရှောက်ပေးနေတော့ သူ့ဆီမှာဆိုရင်
ကလေးတစ်ယောက်လောက် ရနိုင်သည်။ဆရာတော်ဆိုဆုံးမမှုအောက်မှာ ကြီးပြင်းလာတဲ့ကလေးဆိုရင် အဆင်ပြေနိုင်တယ်ဆိုပြီး
တစ်ခြားနေရာတွေ လျှောက်မရှာနေတော့ဘဲ အဲ့နေရာကိုဘဲ ဦးညိုသွားလိုက်သည်။
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........