ညဘက်သနပ်ခါးလိမ်းရန် တာဝန်ပျက်ကွက်သဖြင့် ဒီနေ့ညမှ
ပြန်လိမ်းမည်ကြံကာ သွေးထားသမျှ သနပ်ခါးတွေအားလုံး ခွက်တစ်ခုထဲ စုပြုံထည့်ပြီး tvကြည့်နေသောကြယ့်နားမှာ
ချေမိုးလာထိုင်ကာ ခြေထောက်တွေ လက်တွေလိမ်းအပြီး
ယပ်တောင်တစ်ချောင်းနှင့်သနပ်ခါးတွေခြောက်အောင်လုပ်သည်။ကြယ်လှည့်ကြည့်လိုက်တော့ ချေမိုးကယပ်တောင်တဖျတ်ဖျတ်နှင့်
ကျကျနနထိုင်ကာ ခြေတွေလက်တွေကို ယပ်ခတ်နေသည်ကိုတွေ့ရသည်။
နဖူးကဆံပင်တွေကိုလည်း စုချည်ထားသေးသည်။ မျက်နှာကို သနပ်ခါးမလိမ်းရသေး၍ဖြူပြီးပြောင်ရှင်းနေသော နဖူးပြင်ကိုကြည့်ပြီး ကြယ်နဖူးတောက်ချင်လာသည်မို့....
အနားတိုးသွားလိုက်သည်။"တောက်........."
နဖူးတောက်သံအကျယ်ကြီးကြားလိုက်ရပြီးသည့်နောက်မှာ
ချေမိုးဆီမှ အော်သံအကျယ်ကြီးလည်း ထွက်လာလေသည်။"အား......နာလိုက်တာ...ကြယ်ရာ.....
ဘာလို့ နဖူးလာတောက်တာလဲ....."နီရဲသွားသော နဖူးပြင်ကိုလက်နှင့်ပွတ်ရင်း မကျေမနပ်ပြောနေသောချေမိုးကိုကြည့်ကာ ကြယ်ရယ်နေသည်။
"အသည်းယားလို့......."
နောက်တစ်ခါထပ်ပြီး အနားတိုးလာသည်မို့ နဖူးထပ်တောက်မည်ကိုကြောက်ကာ ချည်ထားသောဆံပင်ကို
နဂိုအတိုင်းပြန်ဖြစ်အောင်လုပ်လိုက်သည်။ကြယ့်လက်တွေက ချေမိုးနဖူးပေါ်ကဆံပင်ကို အသာအယာဖယ်တော့ ချေမိုးက ယပ်တောင်နှင့်ကွယ်လိုက်သည်။
"မတောက်နဲ့တော့ကြယ်.....
ငါတကယ်နာတယ်....."ကြယ်ပြုံးကာချေမိုးနဖူးပေါ်က ယပ်တောင်ကိုဖယ်ပြီး
အနမ်းတစ်ပွင့်ခြွေလိုက်ရင်း......"မင်းနာအောင် ထပ်လုပ်ပါ့မလား.....
အခုနက ငါနာအောင် လုပ်မိသွားလို့ ပြန်ဖြေပေးတာကို.....""ချစ်ဖို့ကောင်းလိုက်တာ ငါ့ကြယ်လေး....."
လည်တိုင်ကိုအတင်းအကျပ်သိုင်းဖက်လာသော ချေမိုးအား
ကြယ်ပြန်ဖက်ထားလိုက်ပြီး....."မင်းက ကလေးတွေထက်တောင်
ပိုချွဲတတ်သေးတယ်......"ကြယ်ပြောတော့ ချေမိုးကရယ်သည်။
ESTÁS LEYENDO
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........