"မှူးပြောတဲ့အတိုင်း...ကိုယ်စောင့်ခဲ့တယ်နော်....
ဒီနေ့မှူးပြောတဲ့ရက်ပြည့်ပြီ...ကိုယ့်ကိုအဖြေပေးတော့လေ
ကိုယ်ဒီ့ထက် မစောင့်နိုင်တော့ဘူး......""ဘယ်လိုဖြစ်လို့လောနေတာလဲ....အဖြေတောင်းတာ
အကြွေးတောင်းတာကျနေတာဘဲ...ဆရာရေ...""အကြွေးတောင်းသလိုတောင်းမှရမယ် မှူးရဲ့...
မှူးဘေးနားမှာ....ဝိုင်းဝိုင်းလည်နေတဲ့သူတွေက များသားနဲ့....ပြောလေမှူး....မှူးလည်း ကိုယ့်ကိုချစ်တယ်မလား......"ကောင်မလေးရဲ ့ပခုံးလေးကိုကိုင်ပြီး....အချစ်စကား
တောင်းဆိုနေသော ကောင်လေး၏ အကြည့်တွေက စူးရှလှသည်။ ကောင်မလေးမှာလည်း လွန်စွာရှက်နေဟန်
ကောင်လေး၏မျက်နှာကို စေ့စေ့မကြည့်ဘဲ တခြားနေရာသို့သာ အကြည့်လွှဲရင်း....."အပိုင်တွက်ထားတာဘဲနော်...
ပြောနေစရာလိုသေးလို့လား....."ကောင်လေးကပြုံးလိုက်သည်။
"ဒါမှူးကိုယ့်ကိုအဖြေပြန်ပေးတာလား...
မရဘူးနော်....ကိုယ်ကြားချင်တာ စကားနှစ်လုံးထဲနော်...လူလည်မကျနဲ့.....မပြောမချင်း လွှတ်မပေးဘူး.....""ဟာ.....ရှက်ပါတယ်ဆိုမှ...အတင်းဘဲ....
ကဲ....ချစ်ပါတယ်ရှင်....ချစ်တယ်...ချစ်တယ်...
ရပြီလား....""ဒီလိုမှပေါ့......."
ကောင်လေး၏ရင်ခွင်ထဲသို့ အလိုက်သင့်ပါလာသော ကောင်မလေး၏မျက်နှာက ရှက်သွေးရောင်သမ်းလျှက်..
ကောင်လေးသည်လည်း ကောင်မလေး၏ ဆံနွယ်ပျော့
လေးများကို နမ်းရှုတ်လျှက် ပြုံးကာ ကြည်နူးပီတိဖြစ်နေသည်။ထိုအချိန်တွင်......
"ကဒ်..........."
ဒါရိုက်တာ၏ "ကဒ်"ဆိုသော စကားသံနောက်မှာ
ကောင်လေးနှင့် ကောင်မလေးတို့နှစ်ယောက်သား လူချင်းပြန်ခွာလိုက်ကြသည်။"ဒါရိုက်တာကြီး...ကျွန်မတို့နှစ်ယောက် အဆင်ပြေလားဟင်....."
"ပြေတာမှ....အပြင်က တကယ့်စုံတွဲအတိုင်းဘဲ.....
သမီးတို့နှစ်ယောက် သရုပ်ဆောင်တာ လိုက်ဖက်ညီတယ်...."ဒါရိုက်တာကြီး၏စကားကြောင့် မင်းသမီးလေး၏မျက်နှာက ပြုံးရွှင်သွားသည်။
သူမနှင့်အတူ သရုပ်ဆောင်ခဲ့သော မင်းသားဘက်သို့လှည့်ကာ.....
"ကိုပိုင်....ဒါရိုက်တာကြီးကတောင် ပြောနေတယ်
ကျွန်မတို့နှစ်ယောက်က အတွဲညီတယ်တဲ့.....""အဲ့တော့....."
"ဟင်......"
ထိုကောင်လေးရဲ့အမေးကို မင်းသမီးဖြစ်သူကောင်မလေး
ဘယ်လိုပြန်ဖြေရသေးမှန်းမသိခင်....."ဒါရိုက်တာရဲ့အပြောမှာ မြောမနေနဲ့ ....
မင်းသိထားရမှာ....ဒါအလုပ်လုပ်နေတာ....cameraရှေ့မှာ မင်းနဲ့ငါက ချစ်သူတွေဖြစ်ချင်ဖြစ်မယ်... လက်တွေ့ဘဝမှာ ငါတို့ကသရုပ်ဆောင်တွေ....ဒီ့ထက် ဘာမှမပိုဘူး....ဒီလိုအရည်မရအဖက်မရတွေ ပြောမဲ့အစား
နောက်ရိုက်မဲ့အခန်းအတွက် ဇာတ်ညွှန်းဘဲ ထိုင်ဖတ်နေပါ.......""အော်ဟုတ်ကဲ့ပါ ကျွန်မ...နားလည်ပါပြီ...."
ကောင်လေး၏စကားကြောင့် အောင့်သက်သက် ဖြစ်သွားရသော်လည်း သူမ၏အလုပ်ရှင် ဖြစ်နေသည့်အတွက် ဘာမှပြန်ပြောပိုင်ခွင့်မရှိ...။
လူတကာကို အပေါ်စီးကဆက်ဆံသည်ဟု သတင်းကြားထားသည်မှာ ကိုယ်တိုင်ကြုံတွေ့ရမှ
အမှန်ဖြစ်နေမှန်း သူမသိတော့သည်။သို့ပေမဲ့မတတ်နိုင်....သူတို့အေဂျင်စီရဲ့လက်အောက်မှာ
လုပ်နေကြတဲ့ သရုပ်ဆောင်တွေအားလုံး မြေကြီးလက်ခတ်မလွဲ အောင်မြင်ကြတဲ့အတွက် သူမသည်လည်း တစ်ခြားသူများနည်းတူ ထိုကောင်လေး
ကြောသမျှကို သည်းခံရတော့မည်။Dreamဆိုတဲ့အနုပညာအေဂျင်စီကို ထူထောင်သူ
သူဠေးကြီး ဦးအင်္သချေ၏ သားလည်းဖြစ်၊
သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သော ထိုကောင်လေးကိုတော့ Dreamအေဂျင်စီ လက်အောက်မှာ အလုပ်လုပ်နေသူများ အားလုံး
ဖိန့်ဖိန်တုန်အောင် ကြောက်ရ၏။မည်းနက်သော မျက်ခုံးတန်းနှစ်ဖက်အောက်ရှိ
အညိုရောင် မျက်ဝန်းတွေရဲ့စူးရှမှုကို မည်သည့် ပုထုဇဉ်လူသားကမှ ကြာကြာမခံနိုင်။ သူနှင့်မျက်လုံးချင်းဆုံပြီး စကားပြောနိုင်သည့်သူမှာလည်း
မရှိသလောက် ရှားသည်။ပန်းနုရောင် နှုတ်ခမ်းပါးများက
အားနာမှုမရှိ တစ်ဖက်သားကို အပေါ်စီးက ပြောဆိုဆက်ဆံတတ်သောကြောင့် သူနှင့်ပတ်သတ်၍
မျက်ရည်မထွက်ဖူးသည့် သူဆိုတာမရှိ...သို့သော် သူ့ရဲ့ထိုပုံစံလေးကပင်
ဆွဲဆောင်မှုတစ်ခုဟုပြောရမလား မိန်းကလေး ပရိတ်သတ်များ အကြားတွင် အဲ့ဒီ့အချက်ကြောင့်
နာမည်ကြီးကာ ရေပန်းစားလျှက်ရှိသော
ထိုကောင်လေး၏ နာမည်က........ချေမိုးမြင့်ပိုင်
VOCÊ ESTÁ LENDO
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........