Part 17(Unicode)

10.5K 1K 18
                                    

"ကိုကို......ဒီကိုကိုက ဘယ်သူလဲ......."

ကလေးလေးတစ်ယောက် မေးသံကြားတော့မှ
ချေမိုးဘက်သို့ ကြယ်လှည့်ကြည့်လာသည်။

ထို့နောက် မတ်တပ်ရပ်လိုက်ကာ....

"ဟာ.....ဟုတ်သားဘဲ.....
ကလေးတွေကို နှုတ်ဆက်နေတာနဲ့
အကိုလေးရှိနေတာ မေ့သွားတယ်....."

ကြယ်က ရယ်မောပြောရင်းနှင့်
ကလေးတွေဘက်သို့ ပြန်လှည့်ကာ.....

"ဒါက....ကိုကို့ရဲ့........"

တကယ်ခဏလေး....ခဏလေးအတွင်းမှာဘဲ....
စိတ်ထဲမှာ ချစ်ရသူဆိုတဲ့ အတွေးကို တွေးဖြစ်အောင်
တွေးမိသေးတယ်....။ ဘယ်လိုပြောရမလဲ.....
တစ်ဖက်သတ်ချစ်ရသူပေါ့......

"ကိုကို့ရဲ့.....အလုပ်ရှင်ပါ......"

ဒီစကားကို ဘယ်လိုတောင် သက်ပြင်းချပြီး ပြောလိုက်ရသလဲ....အမှန်တရားဘဲလေ....
သူနဲ့ကျွန်တော့ကြားမှာ အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေးဘဲရှိတာဘဲ....ဒါ အမှန်တရားဘဲ.....

အလုပ်ရှင်ဆိုတဲ့စကားကို ကလေးတွေ နားလည်လား...မလည်လားတော့မသိ...
ချက်ချင်းပင် ချေမိုးအနားသို့ ရောက်သွားကြကာ...
လက်ဆွဲတဲ့သူကဆွဲနှင့် ရက်ပေါင်းများစွာ ခင်မင်ခဲ့တဲ့သူတစ်ယောက်လို ဆက်ဆံနေကြသည်။

ကလေးတွေလေ....ကလေးတွေဆိုတော့....
အရှိကိုအရှိအတိုင်းဘဲ......

ချေမိုးစိတ်ကွက်မှာကို ကြယ်တစ်ယောက် စိုးရိမ်မိသော်လည်း ထင်သလိုမဖြစ်။

ချေမိုးက ကလေးတွေအရပ်နှင့် တန်းတူဖြစ်အောင် ထိုင်လိုက်ကာ ကလေးတွေမေးသမျှကို ဖြေပေးနေတာတွေ့ရတော့ ကြယ်ပါ ပြုံး၍ကြည့်နေမိသည်။

"ကိုကို့နာမည် ဘယ်လိုခေါ်လဲ......."

"ချေမိုးမြင့်ပိုင်......."

ကလေးလေးတစ်ယောက်ရဲ့ အမေးကို ချေမိုးက မပြုံးမရယ်မျက်နှာဖြင့် ပြန်ဖြေသည်။

"ကိုကိုက အသက်ဘယ်လောက်ရှိပြီလဲ....."

"အင်း....၂၁နှစ်......."

"၂၁နှစ်လား.....သားက ၅နှစ်ခွဲ...သားပိုငယ်တာပေါ့....ဟီး....."

"အင်း....ဟုတ်တယ်...."

CHANGE(ခ်ိန္း)Completed(Z&U)Donde viven las historias. Descúbrelo ahora