"သူကဘယ်သူလဲ....ဦးအသချေင်္......"
"ကျွန်တော့တူပါ......ကြယ်တဲ့....."
မတုံ့မဆိုင်းထွက်လာတဲ့ စကားသံနှင့်အတူ....
ကျွန်တော်တို့ပတ်သတ်မှုက တူအရီးဖြစ်သွားပြန်ပြီတဲ့လား....။ကိုယ့်ဘက်က ဆက်ဆံရေးမကျဲစေဖို့အတွက် ပြုံးကာ ပြန်နှုတ်ဆက်လိုက်ရသည်။ ပြုံးဖို့အခြေအနေမရှိပေမဲ့
ကျွန်တော်ဟန်ဆောင်ရပြန်သည်။ဘယ်တော့များမှ ဒီဟန်ဆောင်မှုတွေ၊ နာကျင်မှုတွေနဲ့ လွတ်လွတ်ကင်းကင်း နေနိုင်မှာလဲ.....။
သူတို့အချင်းချင်း စကားပြောဆိုနေကြတာကြောင့်
ကြယ်ထွက်သွားတော့မည်အပြု....။"ကြယ်...ဘယ်သွားမို့လဲ...နေပါဦး....
သွားလို့မရသေးဘူး....အရေးကြီးပြောစရာတစ်ခု ရှိသေးတယ်...."ဦးအင်္သချေကြောင့်
ကြယ်ဘာမှမပြောဘဲ ဝင်ထိုင်လိုက်သော်လည်း....
အလိုမကျမှုတွေက သူ့မျက်နှာမှာ အထင်းသားပေါ်နေသည်ကို
ချေမိုးတွေ့နေရသည်။သားရေးသမီးရေးကိစ္စ ပြောနေတဲ့စကားတွေအား....
ကြမ်းပြင်အောက်ငုံ့ကြည့်နေကာ မကြားသလို ပုံစံလုပ်နေသည်။သူ့ရဲ့အပြုအမူ အသေးစိတ်ကို လိုက်ကြည့်နေမိသော ကျွန်တော့မျက်နှာသည်လည်း ခါတိုင်းကလို ပြုံးပြုံးရွှင်ရွှင် ရှိနေမည်တော့မဟုတ်ပါ...။
.
.
.
.
.နေရခက်လိုက်တာကွာ.......
ဒီလူတွေနဲ့ အဝေးဆုံးကနေ ကျွန်တော်ထွက်သွားချင်မိတယ်...
အထူးသဖြင့်....ကျွန်တော် ဝင်မပါသင့်တဲ့ စကားဝိုင်းထဲမှာ....
မထိုင်ချင်တော့ဘူး......။"အဲ့တာဆိုရင် မင်္ဂလာပွဲကို နောက်တစ်ပတ်ထဲမှာဘဲ...
စလိုက်ကြရအောင်......"နောက်တပတ်....မစောလွန်းဘူးလား......
ချေမိုးကို ကြည့်လိုက်တော့ မျက်နှာတည်ထားရုံမှလွဲ၍
မင်္ဂလာပွဲကို လက်မခံသည့် အမူအရာမပြ....။ကမ္ဘာပျက်နေသည်က ကျွန်တော် တစ်ယောက်ထဲ.....။
"ကောင်းတာပေါ့....ဒါပေမဲ့ ဒီကိစ္စတွေကို
Mediaတွေဆီ အသိပေးရမယ်မှတ်လား....
ချေမိုးက မင်းသားတစ်ယောက်ဆိုတော့...."
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........