For My Readers❤

16.2K 897 104
                                    

Changeလေးကို (22.5.2018)မှာ ဟန်စပြီးရေးခဲ့ပါတယ်....အခုဆိုရင် extraမပါ
(4.10.2018)ထိ ငါးလအကြာမှာ ဇာတ်လမ်းအဆုံးထိ
တာဝန်ယူနိုင်ခဲ့ပါပြီ.....။

Changeလေးကြောင့် ဟန်မိတ်ဆွေတွေအများကြီးတိုးလာတယ်....
အပြင်မှာသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊
နေထိုင်တဲ့နေရာတွေ မတူညီသည်ဖြစ်စေ...
အသက်အရွယ်အပိုင်းအခြား မတူကြသည်ဖြစ်စေ
အားလုံးက ဟန့်အတွက် တန်ဖိုးရှိတဲ့သူတွေပါ....

ကိုယ်ကိုယ်တိုင်ရှာတွေ့လို့ ဖတ်ခဲ့တာဖြစ်စေ၊သူများညွှန်းလို့ဖတ်ခဲ့တာဖြစ်စေ၊ ဟန်ခြိမ်းခြောက်ပြီး ဖတ်ခဲ့ခိုင်းတာဖြစ်စေxd...အဆုံးထိ စိတ်ပါဝင်စားစွာ
Voteတွေရော feedbackတွေပါ ပေးခဲ့ကြတဲ့
သူလေးတွေကိုလည်း အရမ်းကျေးဇူးတင်ပြီးချစ်တယ်....

ဟန်ကဘာကြီးမှမဟုတ်ဘူး...
.စာရေးဆရာလည်းမဟုတ်သလို...လေးစားဖို့ကောင်းတဲ့သူလည်းမဟုတ်ဘူး...သူလိုကိုယ်လိုလူတစ်ယောက်ဘဲ..
ဒီလိုလူတစ်ယောက်ကို ချစ်ပေးတယ်....ပြီးတော့...
ဟန်စိတ်ကူးယဉ်ပြီး ဖန်တီးထားတဲ့ ဇာတ်ကောင်တွေနဲ့အတူ
လိုက်ရယ်ပေး...၊ လိုက်ငိုပေးကြတယ်....
ဟန်အားငယ်တဲ့အချိန်တွေမှာ အားပေးကြတယ်.....

ဒီ wattpadနဲ့သက်ဆိုင်တဲ့ သူတွေအားလုံးက ဟန့်အတွက် second familyပါဘဲ......
တကယ်ပါ ဟန်အပိုမပြောဘူး....ဟန့်ရဲ့ personal lifeပြီးရင် han_meဆိုတဲ့ နာမည်နဲ့ ရှင်သန်ရတဲ့
ဒီလောကလေးမှာ ဟန်အပျော်ဆုံးပါဘဲ.....

အားလုံးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်.....
စကားတွေအများကြီးပြောချင်သေးပေမဲ့....
တကယ်တမ်းကျ ပြောမထွက်ဘူး.....

Changeလေးပြီးသွားပြီဆိုပေမဲ့လည်း...
ချေမိုးနဲ့ကြယ်တို့ကိုသတိရရင် ဟန့်ကိုလာပြောပါ...
သတိရတဲ့သူများရင် ဟန်ပြန်လာခဲ့ပါ့မယ်....

ဟန့်ကိုသတိရရင်တော့ နောက်ရေးတဲ့ficတွေထိ
လိုက်လာခဲ့ပေးပါ....အမြဲတမ်းအားလုံးရဲ့ အမြင်တွေကို
လက်ခံနေပါတယ်...ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊
ပြောလို့ရပါတယ်နော်.....။

ကျန်းမာရေးဂရုစိုက်ကြပါ......
အားလုံးဘဲ ပျော်ရွှင်ကြပါစေ❤

Love you all😘
Han_Me
(17.10.2018)

CHANGE(ချိန်း)Completed(Z&U)Where stories live. Discover now