Part 19(Unicode)

10.5K 991 11
                                    

ထပ်မက်ပြန်ပြီ.....

ဒီအိပ်မက်မက်တိုင်း....
တစ်ယောက်ထဲ ကူကယ်ရာမဲ့လို အမြဲခံစားခဲ့ရတာ
မွန်းကျပ်နေတဲ့အသိက ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေတယ်....

ဒါပေမဲ့.....ကယ်မဲ့သူ ဘယ်သူမှမရှိဘူး.....

ဒယ်ဒီရော....မာမီရော.....
ကျွန်တော့အနားမှာ ဘယ်သူမှမရှိဘူး.....

မနေ့ကတော့ ကျွန်တော့အိပ်မက်ထဲကို
ဘိုးဘိုးလာတယ်....ကြောက်လန့်နေတဲ့ ကျွန်တော့လက်တွေကို သူ့လက်နှစ်ဖက်နဲ့
ဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးတယ်......

အရမ်းနွေးထွေးလွန်းလို့ စိတ်ထဲမှာ
လုံခြုံမှုအပြည့် ခံစားရတယ်....

သို့သော်လည်း တဖြည်းဖြည်းပျောက်ကွယ်လာတဲ့
ဘိုးဘိုးရဲ့ပုံရိပ်ကို လိုက်ဖမ်းရင်း အပြင်ကမ္ဘာသို့
ကျွန်တော် ပြန်ရောက်လာတယ်....

အဖြူရောင် မျက်နှာကျက်က ရှင်းလင်းနေသော်လည်း
ကျွန်တော့စိတ်ထဲမှာ အေးချမ်းမှုကို မခံစားရဘူး.....

မျက်လုံးက စိုစွတ်နေပုံထောက်ရင်
ထပ်ပြီးတော့ ငိုနေမိပြန်တာလား......

လက်တစ်ဖက်နဲ့ မျက်လုံးကိုပွတ်သပ်လိုက်သည်...။

ကျန်နေသေးတဲ့ လက်တစ်ဖက်ရဲ့ နွေးထွေးမှုကြောင့်
ကြည့်လိုက်မိတော့ ကျွန်တော့လက်ကိုဆုပ်ကိုင်ပြီး ကုတင်ပေါ် ခေါင်းအုံးကာ အိပ်ပျော်နေသော ကြယ့်ကို
တွေ့လိုက်ရသည်။

အိပ်မက်ထဲမှာ ကျွန်တော့လက်ကို ဆုပ်ကိုင်ပေးထားတာ
ဘိုးဘိုးမဟုတ်ဘဲ ကြယ်ဖြစ်နေတာလား.....

ထိုစဉ် အဓိပ္ပါယ်မဖော်နိုင်တဲ့ ခံစားချက်တစ်ခုခုက
ချေမိုးရဲ့စိတ်နှလုံးသားထဲမှာ တစ်ဖြည်းဖြည်းနှင့်
စတင်ပေါက်ဖွားလာသည်။

လုံခြုံသွားတယ်လို့ ခံစားရတဲ့အသိ....
အဲ့ဒီ့အသိကို လုပ်ပေးသူက ကြယ်ဆိုတာသိလိုက်ရတော့
ချေမိုးပြုံးမိသည်။

အချိန်ကြည့်လိုက်တော့ မနက်၃နာရီခွဲ.....

ဘယ်အချိန်ကတည်းက သူအနားမှာ ရှိနေခဲ့တာလဲ....

နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ ကြယ့်ကိုကြည့်ပြီး
လက်ကို ပြန်မသိမ်းချင်တော့သလို နှိုးလည်းမနှိုးချင်တော့....

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now