Part 12(Unicode)

12.1K 1.1K 34
                                    

အခန်းထဲမှာ တစ်ယောက်ထဲငိုင်ကာ
ထိုင်နေသော ကျွန်တော့နားသို့ ဦးညိုရောက်လာသည်။

စိတ်ထဲမှာ တစ်ခုခုခံစားနေရရင်
တစ်နေရာရာကိုငေးပြီး ငိုင်နေတတ်တာ ကျွန်တော့အကျင့်...

အဲ့ဒီ့အချိန်ဆို ဘယ်သူနဲ့မှ
စကားမပြောချင်ဘူး.....။

ဘာဖြစ်နေလဲလို့ မေးရင်လည်း
ဘာပြန်ဖြေရမလဲ ကျွန်တော်မသိဘူး.....။

ကိုယ့်ကိုကိုယ် တစ်ခုခုတော့
ဖြစ်နေတယ်ဆိုတာ သိပေမဲ့......
ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်လည်း တကယ်မသိတာပါ......

"သားလက်ပေး.....ဦးညို
ဆေးလိမ်းပေးမယ်......"

အနားမှာလာထိုင်ပြီး.....
ဆေးဘူးနဲ့ အနာကပ်တဲ့ဟာ ယူလာကာ
ကျွန်တော့အား ဆေးလိမ်းပေးမယ် လုပ်နေသော
ဦးညိုက ဘုန်းဘုန်းနဲ့ သိပ်တူတာဘဲ.....

ကျွန်တော် ဒဏ်ရာတစ်ခုခု ဖြစ်တဲ့အချိန်ဆိုရင်
စိုးရိမ်တတ်တဲ့ ဘုန်းဘုန်းက ကျွန်တော့အတွက်
သွေးသားရင်းထက် ပိုကာ ချစ်ရတယ်..။

ဘယ်လိုဘဲ ဝိနည်းတော်နဲ့ ညီအောင်နေနေ ကျွန်တော်တို့အပေါ်မှာတော့ တကယ်ကို
မေတ္တာရှိမှန်း ခံစားနိုင်တယ်.....။

၅၂၈မေတ္တာဆိုတာ ထုတ်ပြောနေမှမဟုတ်
ထိုသူရဲ့ အပြုအမူကနေတစ်ဆင့်
ခံစားနားလည်နိုင်တာ မဟုတ်လား....။

ကျွန်တော်တို့တွေကို ခေါ်မွေးထားတာနဲ့တင်
ဘုန်းဘုန်းမေတ္တာတွေက အတိုင်းအဆမရှိ ကြီးမားနေပြီဆိုတာ မေးနေစရာမလိုအောင် ကျွန်တော်သိတယ်....

ဘုန်းဘုန်းကို သတိရမိလို့ မျက်ရည်ဝဲစပြုလာတဲ့
ကျွန်တော့ကို ဦးညိုက.....

"အရမ်းနာနေလို့လား....သား......"

ဦးညိုရာ ကျွန်တော် ယောကျ်ားပါ....
ဒီလောက် ဒဏ်ရာလေးနဲ့ နာနေစရာလား.....

စိတ်ထဲကသာ ပြောနေပေမဲ့
ပါးစပ်ကတော့ တစ်လုံးမှထွက်မလာ....
ခေါင်းခါကာ ပြုံးပြလိုက်သည်။

ကျွန်တော်ဘာလို့ ဒီလောက် နှုတ်ဆိတ်သွားရတာလဲ...

စိတ်ထိခိုက်နေတဲ့အချိန် ပြုံးလိုက်တဲ့အပြုံးက
အသက်ဝင်ပ့ါမလား ကျွန်တော်မသိပေမဲ့.....
ငိုတာထက်စာရင် ပြုံးတာက တစ်ဖက်လူကို
စိတ်မညစ်စေဘူးမှတ်လား......။
.
.
.
.
ဦးညိုကျွန်တော့လက်ကို ဆွဲယူလိုက်သော်လည်း
စိတ်ရဲ့အလိုအတိုင်းပင် ဦးညိုလက်ထဲမှ ပြန်ရုန်းမိသည်။

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now