Zawgyi
"ကျန့်သခင်လေး..... ကျန့်သခင်လေး...."
"သခင်လေးက ထွက်သွားပြန်ပြီထင်တယ်... သခင်ကြီးဒေါသက မိုးမီးလောင်တော့မယ် ရှာကြပါဦးဟ"
"ရှာမနေနဲ့တော့ သခင်လေးဖုန့်လဲရှိနေတာပဲ သခင်ကြီးကို ကူပြောပေးမှာပါ လာလာ မြန်မြန်သွားပြောရမယ်"
ဒါကတော့ ရှောင်အိမ်တော်မှာ နေ့စဉ်ဖြစ်ပျက်နေကြ ကိစ္စတစ်ခုပဲဖြစ်သည်.. ကျန့်သခင်လေးက အိမ်မှ အမြဲခိုးထွက်တတ်သလို ပြန်လာတိုင်း သခင်ကြီးဒေါသနဲ့ အပြစ်ဒဏ်ခံရစမြဲ.. ဒါလဲ ကျန့်သခင်လေးတို့မှတ်လားမေး ဘယ်တော့မှ မမှတ် ထွက်မြဲတိုင်းထွက်၏
"သခင်ကြီး"
ရှောင်းကျန့်၏အစေခံတယောက်ဝင်လာကာ မျက်နှာမှာလဲ ကြောက်ရွံ့နေပုံကြည့်တာနဲ့ ရှောင်းယွီဖုန့် ၁ ယောက်သိလိုက်ပြီ သူ့ညီလေး အိမ်ပြင်ခိုးထွက်ပြန်ပြီ အဖေဖြစ်သူမျက်နှာကိုလှမ်းကြည့်တော့လဲ ဒေါသက ငယ်ထိပ်ရောက်နေပြီ
* မဖြစ်တော့ဘူး*"အဖေ ညီလေးက...."
"တော်တိတ် ဖုန့်အာ မင်းညီဘက်က မင်းပြောဦးမှာ ငါသိတယ် မင်းတို့သားအမိ ၂ ယောက်ကြောင့်လဲ ဒီကောင်လေး ဒီလိုဆိုးနေတာ ဘယ်နှယ့် အကိုတယောက်လုံး ဒီနေ့ ရှေ့တန်းကပြန်လာမယ်ဆိုတာ သိလျက်နဲ့ အိမ်မှာစောင့်ကြိုနေမယ်မရှိဘူး မင်းညီကို ငါ ဘယ်နေရာ သွားအားကိုးရမလဲ"
"ကျန့်ကျန့်က ကလေးပဲရှိပါသေးတယ်အဖေရယ် သူကြီးလာတော့ ရင့်ကျက်လာပါလိမ့်မယ် အခုလဲ ကျန့်ကျန့်က ကလေးစိတ်မကုန်သေးတာပဲရှိတာပါ တချို့သခင်လေးတွေလို ဆိုးသွမ်းနေတာမှမဟုတ်တာပဲအဖေရယ် စိတ်လျှော့ပါ သားသွားရှာလိုက်ပါ့မယ် ညီလေးက ထုံးစံအတိုင်း ဈေးပွဲတော်သွားတာနေပါလိမ့်မယ်"
"ဟမ် အသက် ၂၀ကျော်က ကလေးလား ဖုန့်အာ မင်းအဲ့အရွယ်မှာ ရှောင်အိမ်တော်ရဲ့ ဂုဏ်ဆောင်ဖြစ်နေပြီလေ မင်းညီက မင်းကိုဘယ်တော့မှအတုယူမှာလဲ ဟင်းးးး ငါမပြောချင်တော့ဘူး"
"အဲ့ဒါဆို အဖေ ဖုန့်အာကို ခွင့်ပြုပါဦး"
အဖေ့ကိုအရိုအသေပြု ပြီး ယွီဖုန့် ဈေးဘက်ထွက်ခဲ့လိုက်သည် ၁ ဦးတည်းသော ညီလေးမို့ သူ တုန်နေအောင်ချစ်သည် စစ်သူကြီး ၁ယောက်မို့ ပေးအပ်သောတာဝန်အရ နယ်စပ်ကိုထွက်ခဲ့တာ ၃ နှစ်ကျော် ၄ နှစ်နီးပါးကြာမြင့်ခဲ့တာမို့ ကျန့်ကျန့် အသက် ၂၀ ကျော်ပင်ဖြစ်နေပြီ
YOU ARE READING
Randomကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...