အပိုင်း ၁၂
2K 162 11
Zawgyi
"ကျစ်ဖန်း...ဒီမှာကြည့်စမ်း ငါနဲ့လိုက်လား လှတယ်နော်"
ရှောင်းကျန့် ရတနာဘူးသေးထဲက ကျောက်စိမ်းလက်စွပ်လေးကိုတော့ ကြိုက်လွန်းလို့ ယူထားမိသည်မို့ အခုလက်ညှိုးတွင်စွပ်ထားကာ ကျစ်ဖန်းကိုပြနေခြင်းဖြစ်သည်
*ဟင်...ဒါ ငါ့လက်စွပ် ဘယ်လိုလုပ်ပြီး နတ်သမီးဆီရောက်နေတာလဲ ဧကန္တ ဓားပြတွေက သူ့ပစ္စည်းတွေကိုထုခွဲရောင်းချလိုက်ပြီလား နတ်သမီးကိုမေးကြည့်ရင်တော့ လက်စွပ်အကြောင်းသိနိုင်ပေမည် ပြန်ဝယ်သင့်ဝယ်ရမယ်လေ*
ဟန်စန့် ကိုယ့်စိတ်ကူးနဲ့ကိုယ် ဘေးမှချထားတဲ့ ဓားကိုယူပြီး နတ်သမီးနားသွားလိုက်သည်
"ဒီကညီလေး ဒီလက်စွပ်ကို ဘယ်ကရလာတာလဲ"
"ဘာဖြစ်လို့လဲ"
"ဟက်..ငါ့ကိုခဏလောက်ပြနိုင်မလား"
ရှောင်းကျန့်လက်စွပ်စွပ်ထားသည့်လက်ကိုဖွက်ကာ
"မရဘူး ခင်ဗျားရဲ့မျက်ဝန်းထဲမှာ လောဘအရိပ်တွေတက်နေတယ်"
"ဒီလက်စွပ်က မနေ့ကမှ မင်းရဲ့လက်ထဲကိုရောက်လာတာမလား"
"သွားစမ်း"
"အဲ့ဒါမင်းရဲ့ပစ္စည်းမဟုတ်ဘူးမလား"
"ဟမ့် အဲ့ဒါကျုပ်ရဲ့ပစ္စည်းမဟုတ်ဘူးဆိုရင် ခင်ဗျားရဲ့ပစ္စည်းလား"
"မင်းပြောတာမှန်တယ် အဲ့ဒါငါ့ရဲ့ပစ္စည်းပဲ"
ဟန်စန့်လာတုန်းက အကောင်းဖြင့်မေးချင်လို့လာခဲ့ပေမယ့် သူ၏နတ်သမီးမှ ဘုဘောက်ပြောနေသည်မို့ သံသယရေးရေးဝင်လာကာ မျက်မှောင်ကျုံ့မိသည် တစ်ပြိုင်တည်းမှာလို ဓားကိုလဲထုတ်ပြီးသား
"ပေးစမ်း"
တခါမှမမြင်ဖူးသည့်လူက ဒေါသတကြီးပြောကာ ဓားပါထုတ်လာပြီမို့ ရှောင်းကျန့်ရှေ့မှာ ကျစ်ဖန်းဝင်ကာလိုက်သည်
ဟန်စန့်လက်ဖြန့်ကာရှေ့တိုးသွားတော့ နတ်သမီးရဲ့ အစေခံလိုလူက ရှေ့မှဝင်ကာတာမို့ တွန်းထုတ်လိုက်ပြီး ရှေ့တိုးသွားသည်
နတ်သမီးကလဲ မခေ.. ယပ်တောင်ကိုဖြန့်ကာ သူ့ကိုပြန်တိုက်ခိုက်လာသည် ဟန်စန့် ဓားကို ညာဘက်ရင်ညွန့်နားတိုးကပ်သွားချိန် ရှောင်းကျန့်တိမ်းရှောင်လိုက်ပြီး ယပ်တောင်ရိုးနှင့်ရိုက်ချလိုက်သည်
ဟန်စန့်မှ လျှင်မြန်စွာလက်ကိုရုတ်ကာ ဘယ်ဘက်လက်မှာအတွင်းအားထည့်လျက် ရင်ဝကိုရိုက်ချလိုက်တော့ ရှောင်းကျန့် ခြေထောက်ကိုကြမ်းမှာမြဲအောင်ထောက်ကာ ပက်လက်လှန်ရှောင်လိုက်သည်
ဟန်စန့်ကျောနောက်ရောက်သွားသောရှောင်းကျန့်က ကျောကို လက်ဝါးဖြင့်တချက်ရိုက်ချလိုက်သည် ဟန်စန့်ရှေ့သို့အနည်းငယ်ယိုင်သွားကာ ရှေ့ကစားပွဲကို ရှောင်းကျန့်ဆီကန်ထုတ်လိုက်သည်
ကိုယ့်ဆီဦးတည်လာသောစားပွဲကို အတွင်းအားသုံးကာရိုက်ချိုးလိုက်တော့ အလယ်မှ နှစ်ပိုင်းပြတ်ကာ ကွဲထွက်သွားသည်