Zawgyi
ကျေးဇူးပြု ပြီး စာဆုံးတဲ့အထိဖတ်ပေးကြပါနော်-
ပထမအချက်- ကိုယ်ရေးတဲ့ 'ဒင်္ဂါး၏ချစ်ခြင်းမျက်နှာပြင်' ဟာ Long type အမျိုးအစားပါ ၊ သပ်သပ်ဇာတ်လမ်းကိုဆွဲဆန့်ပြီး ပေရှည်နေတာမဟုတ်ပါဘူး.... မကြိုက်ရင်ကျော်သွားလို့ရပါတယ်.. ချေတာမဟုတ်ပေမယ့် ဖတ်မယ့်သူမရှိလဲ ကိုယ့်ဟာကိုယ်ဖတ်နေတာမို့ အေးဆေးပါ...
ဒုတိယအချက်- ကိုယ့် fic ထဲမှာ main role character ချည်းပဲ ၁၀ ယောက်ရှိပါတယ်
(ဝမ်ရိပေါ်၊ လန်ကျန့်၊ ရွှယ်ယမ်၊ လန်ရှီးချန်၊ ဟန်စန့်၊ ရှောင်းကျန့်၊ ဝေ့ရင်း၊ ရှောင်ရှင်းချန်၊ ကျန်းချန်၊ ရှင်းဟွာ) စတဲ့လူတွေပါ....supporting role character ကလဲ ၁၀ ယောက် (မယ်တော်ကြီး၊ ဝမ်အမတ်ချုပ်ကြီး၊ ဝမ်ချောင်၊ ဝမ်မေအော်၊ ဝမ်ချင်၊ ရှောင်းယွီဖုန့်၊ ဝူကျောင်း၊ ရှောင်လုံရှာ၊ ပိုင်ရန်ချင်း၊ တထန်မိဖုရားကြီး(သူကနောက်ပိုင်းပါလာမယ်)၊ လန်ကျန့်အမေ(သူကလောလောဆယ်ဝှက်ဖဲ))
အရံသီးသန့် character ( ဝမ်းနင်၊ ဟွိုက်ဆန်း၊ ရှောင်လုံရှာရဲ့တပည့်နှစ်ယောက်၊ လော့လော့၊ ခွန်လန်၊ ရိလုံ၊ ကျစ်ဖန်း၊ရွှယ်ယမ့်ညီမရွှယ်ဝူ) etc. ပေါ့လေ
ပြောချင်တဲ့အဓိကက အခုမှ...
ဇာတ်ကောင်တွေအရမ်းများတဲ့အတွက် တစ်ယောက်ချင်းရဲ့နေထိုင်လှုပ်ရှားနေပုံတွေကိုထည့်ရေးရတာကြောင့် အပိုင်းတစ်ပိုင်းနဲ့တစ်ပိုင်းက ရုတ်တရက်ကြည့်ရင် အချိတ်အဆက်မမိသလိုဖြစ်နေပါလိမ့်မယ်....(ဥပမာ- အပိုင်း ၄၃ မှာ ဝေ့ရင်းက သစ်ပင်ပေါ်ကနေချောင်းနားထောင်နေရာက တစ်ယောက်ယောက်နောက်ကိုလိုက်ဖို့ဆုံးဖြတ်တယ်ဆိုပြီး အပိုင်းတစ်ပိုင်းဖြတ်လိုက်ပြီး အပိုင်း ၄၄ မှာ သူ့အခန်းဆက်မလာပဲ ရှောင်လုံရှာကသတင်းလာပို့တဲ့အခန်းနဲ့ ရှောင်းကျန့်နဲ့ ဟန်စန့်တို့အပိုင်းလာလိုက်တယ်....တခါ ၄၅ မှာ ရှောင်းကျန့်တို့မဟုတ်တော့ပဲ ဝမ်ချောင်နောက်လိုက်လာတဲ့ ရွှယ်ယမ်က ဖုတ်ကောင်နဲ့တွေ့တဲ့အခန်းရောက်သွားပြီး အပိုင်း ၄၆ ကျမှ ဝေ့ရင်းအခန်းပြန်လာတယ်ပေါ့လေ...)
အဲ့မှာပြဿ နာကစတာထင်ပါရဲ့ တချို့တွေကလာပြောကြတယ် ဇာတ်လမ်းကရှုပ်နေတာပဲပေါ့....တကယ်တော့ ကိုယ်အရေးအသားညံ့တာနေမှာပါ ကိုယ်ပြောချင်တာကလေ သူတို့လဲလူပဲမို့ နေ့စဉ်လှုပ်ရှားနေပါတယ် အပိုင်းတွေချိတ်ဆက်မမိသလိုဖြစ်နေခဲ့ပေမယ့် တကယ်က တစ်ချိန်တည်းမှာပဲ သူတို့လှုပ်ရှားသွားလာနေကြတာပါနော် တစ်ယေယက်တည်းကိုပဲ ဦးတည်ရေးလိုက်ရင် တခြားသူတွေက အသေကောင်တွေလိုဖြစ်နေမှာပါ.... ကိုယ်ဖန်တီးထားတဲ့ ဇာတ်ကောင်တွေက သူ့နေရာနဲ့သူအရေးပါတာမို့ ငြိမ်နေလို့မရပါဘူးနော်....
YOU ARE READING
Randomကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...