အပိုင်း ၁၈
1.8K 162 22
Zawgyi
တထန်ပြည်ရဲ့ နန်းတော်တစ်နေရာ....
"မင်းကြီး ချင်တိုင်းပြည် အမတ်ကြီးဝမ်ဆီက စာလာပါတယ်"
မင်းကြီး ပိုင်ရန်ချင်း သလွန်ပေါ်ထိုင်ကာ စာဖတ်နေစဉ် ခြေမြန်ဆတ်သားတစ်ယောက် ဝင်လာကာလျှောက်ထားခြင်းဖြစ်သည်
ပိုင်ရန်ချင်း ဖတ်လက်စစာအုပ်ကိုချကာ သူ့ရှေ့တွင် ခေါင်းငုံ့အရိုအသေပေးကာ လှမ်းလာတဲ့လက်တစ်စုံထဲမှ စာကိုလှမ်းယူလိုက်သည်
*ဟားးးး ဘာတဲ့ နောက်နေ့ ချင်နိုင်ငံရဲ့ နန်းသိမ်းပွဲတဲ့လား ဒီပွဲမှာ အမတ်ကြီးက နန်းတော်ကို ဝင်စီးစေချင်တယ်ဆိုပဲ နေပါဦး သူ့သမီးက မိဖုရားမဟုတ်ဘူးလား အဟက် ကြည့်ရတာ သူ့သမီးကို နန်းတင်တာမဟုတ်ဘူးထင်တယ် ဒါကြောင့် ဒေါပွပြီးအလျင်လိုနေတာကိုး ကျုပ်အတွက်ကတော့ အလျင်လိုလေကြိုက်လေပဲအမတ်ကြီး ကျုပ်ကစစ်ကိုကြိုက်တယ် ကျုပ်ကိုအသနားခံနေတဲ့မျက်လုံးတွေကိုကြိုက်တယ် ဟူးးးး စစ်ပွဲမရှိလို့ ပျင်းနေတာနဲ့ ချင်နိုင်ငံကို မျက်စိကျနေတာလဲ ကြာပြီဆိုတော့ အပျင်းပြေလေး ကိုယ်လက်လှုပ်ရှားကြတာပေါ့လေ ဟားးးဟားးးး*
ပိုင်ရန်ချင်း အတွေးနဲ့အတူ လက်ကလဲ စုတ်တံကိုင်ကာ စာတစ်စောင်ရေးပြီး ခြေမြန်ဆတ်သားကိုပေးကာ အမတ်ကြီးဆီစာပြန်စေလိုက်သည်
"ရှောင်ပေါင်း စစ်သူကြီးကိုခေါ်လိုက်"
"ဟူတ်ကဲ့ပါမင်းကြီး"
အထိန်းတော်ရှောင်ပေါင်းထွက်သွားတော့ ပိုင်ရန်ချင်း ချင်နိုင်ငံရဲ့ မြေပုံအကြမ်းကို စားပွဲပေါ် ဖြန့်ချလိုက်သည်
ဒါက သူဟိုတနေ့က ချင်နိုင်ငံကို တစ်ယောင်တည်းသွားပြီး မှတ်လာတဲ့ ချင်နိုင်ငံရဲ့ မြေအနေအထားဖြစ်သည်
ငယ်ငယ်တည်းက ကြမ်းတမ်းစွာ လေ့ကျင့်ပေးခြင်းခံခဲ့ရတဲ့သူ့အတွက် ဧကရာဇ်ဆိုသည့်ရာထူးက ထိုက်တန်တယ်မလား ဒါကြောင့် စစ်ပွဲတိုင်းကို သူကိုယ်တိုင်ဦးဆောင်ခဲ့သည်မှာ လွန်ခဲ့သော နှစ်များစွာတည်းကမို့ အခုမှ မင်းတက်ဖြစ်တဲ့ ချင်နိုင်ငံမင်းပေါက်စကို ခေါင်းထဲမှာကို မမှု
ချင် ကိုတိုက်ပြီးရင် သူ့အတွက်ကျန်တာ မွန်ဂိုပဲ ရီတိုင်းပြည်လောက်က အသာလေးဖမ်းရုံရသည်မို့ စိတ်မဝင်စား ပျင်းရင်ကောက်သိမ်းလိုက်ရုံပဲလေ