Zawgyi ver
ရီတိုင်းပြည်မင်းကြီးမှာ ဝမ်ရိပေါ်ကိုယ်တိုင် အကြောင်းမကြား ဘာမကြားပဲရောက်လာသည်ဆို၍ အံ့အားသင့်နေကာ အမြန်ခရီးဦးကြိုပြုရန် နန်းတော်ရှေ့တွင်စောင့်နေတုန်း သာမန်ဝေါယာဉ်ငယ်တစ်ခုနဲ့ အခြွေအရံအနည်းအကျဉ်းသာပါတဲ့ပုံစံနဲ့ရောက်လာတာကြောင့်
"ချင်တိုင်းပြည်မင်းကြီး ဝမ်ရိပေါ်??"
"ဟုတ်ပါတယ် ကျွန်တော်ဝမ်ရိပေါ်ပါ"
"အိုး ချင်တိုင်းပြည်မင်းကြီး ဝမ်ရိပေါ်ဆိုတာ တိုင်းပြည်ငယ်တွေကြားမှာ နာမည်ကျော်ကြားနေတော့ ကိုယ်တော်က အသက်ကြီးမယ်ထင်တာ ငယ်ငယ်ပဲရှိသေးတာပဲ ကြွပါ နန်းဆောင်ပြင်ပေးထားပါတယ် အကြောင်းမကြားပဲ ချက်ချင်းပြင်ဆင်ရတာမို့ လိုအပ်တာရှိရင် ချင်မင်းကြီးကပဲ နားလည်ပေးစေချင်ပါတယ်"
"ရိပေါ်လို့ပဲခေါ်ပါ မင်းကြီးက ကျွန်တော့်ဦးလေးအရွယ်ပဲ ကျွန်တော့်ကို သားတစ်ယောက်လိုပဲဆက်ဆံလို့ရပါတယ် နောက်ပြီး ကျွန်တော့်ညီမလေး ရှင်းဟွာရဲ့ခမည်းတော်ပဲလေ"
"ကောင်းပါပြီ ရိပေါ် ကြွပါ"
"ကြွပါ"
.
.
.
.
"ရိပေါ် ဘယ်လိုလုပ်အကြောင်းမကြားပဲ ရုတ်တရက်ကြီး ကိုယ်တော်ရဲ့နိုင်ငံကိုကြွချီလာရတာလဲ""မင်းကြီးကို အကူအညီ ၂ ခုတောင်းချင်လို့ပါ"
"ရပါတယ် ဘာအကူအညီများလဲ?"
"ပထမအကူအညီက သံချပ်ကာဝတ်စုံလိုချင်လို့ပါ... သံချပ်ကာဝတ်စုံက ရီတိုင်းပြည်က အကောင်းဆုံးချုပ်လုပ်နိုင်တယ်လို့ကြားဖူးပါတယ် ကျွန်တော့်အတွက် သံချပ်ကာဝတ်စုံ ၆၀၀ ချုပ်လုပ်ပေးနိုင်မလား?"
"၆၀၀ အင်းးးး ဒါဆို အချိန် ၃ လလောက်တော့ပေးမှရမယ် ရိပေါ်"
"ရပါတယ် နောက်တစ်ခုကတော့ ကျွန်တော့်ကိုကိစ္စလေးတစ်ခု ကူညီပြီး စုံစမ်းပေးစေချင်ပါတယ်"
"ဘာကိစ္စများလဲ?"
"ဒီလိုပါ %&&$#$%&&%&%$$%"
"ကောင်းပြီလေ ကိုယ်တော်သေချာစုံစမ်းပြီး အကြောင်းစုံသိရတဲ့အချိန်ကျ စာပို့လိုက်မယ်"
YOU ARE READING
Randomကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...