အပိုင်း ၃၂ (Zawgyi+Unicode ver)
1.5K 209 27
Zawgyi ver
"အားးး ကျွတ်စ် "
"နိုးလာပြီလား ရိပေါ်"
"အင်း ကျန့်ကျန့် ဘာလို့အောက်မှာထိုင်နေတာလဲ"
"ရော် ခက်ပြီ ညက မင်းရောက်လာတုန်းက မင်းက လက်မှာ ဒဏ်ရာနဲ့လေ ဒါ့ကြောင့်ဆေးထည့်ပေးထားတာ မင်းအိပ်ပျော်နေတာ ငါ့ကုတင်ပေါ်မှာလေ ဒီကုတင်သေးသေးပေါ်ကို ငါက ဘယ်လိုတက်အိပ်ရမှာလဲ ပြီးတော့ငါလဲ အိပ်မပျော်တာနဲ့ ဒီအတိုင်းလေး ဘေးမှာထိုင်နေလိုက်တာ"
"အင်း ကျန်းချန်ရော"
"မင်းနိုးလာရင် ဆေးသောက်ရမှာမို့ ဆေးသွားဝယ်ခိုင်းထားတယ်"
"ကျွန်တော်မျိုးရောက်ပါပြီ ရှောင်းဧကရီ....အော် ရိပေါ် နိုးနေပြီလား"
"အင်း ကျန်းချန် မင်းကလဲကွာ ကျန့်ကျန့်ကို အခန်းစီစဉ်ပေးလိုက်တာမဟုတ်ဘူး သူတစ်ညလုံးမအိပ်ရတော့ဘူးပေါ့ ငါ့ကြောင့်နဲ့"
"ဟမ် ဒါပေမယ့် ရှောင်းဧကရီက.........."
ရှက်ရှက်နဲ့လှည့်ကြည့်လာတဲ့ မျက်နှာရဲရဲလေးကြောင့် ကျန်းချန်လဲ ဘာမှဆက်မပြောနိုင်တော့.....
အေးပါကွာ မင်းတို့နှစ်ယောက်ဖွင့်မပြောရသေးလို့သာပဲ....
"ဘာဖြစ်လို့လဲ ကျန့်ကျန့်က?"
"ဘာမှမဖြစ်ပါဘူး....အခန်းလွတ်မရှိတော့လို့....ဟုတ်တယ်နော် ကိုယ်ရံတော်ကျန်း"
"အမ်...အင်း...အင်း ... ဟုတ်တယ်"
"ကျန့်ကျန့် ဒီမှာစုံစမ်းတာပြီးပြီလား? ရန်ရှာတဲ့သူ ဘာညာ မရှိဘူးမလား? လုပ်ကြံသူကိုမဖမ်းမိသေးတာကြောင့် သတိထားနော် ကိုယ်လဲအနားမှာမရှိပေးနိုင်ဘူး"
"အင်း....ဒါနဲ့ မင်းတို့ကဘယ်လိုလုပ်ရောက်လာတာလဲ? ဒီအချိန်ဆို ရီတိုင်းပြည်မှာရှိရမှာမဟုတ်ဘူးလား? ပြီးတော့ ဒီဒဏ်ရာကကော ဘယ်လိုလုပ်ရလာတာလဲ?ရီတိုင်းပြည်က တိုက်ခိုက်လို့လား? သူ့သမီးတစ်ယောက်လုံး ချင်တိုင်းပြည်မှာရောက်နေတာ ပုန်ကန်တာတော့မလုပ်လောက်ပါဘူး...ဟုတ်တယ်မလား?"
မေးခွန်းတွေတရစပ်မေးနေတဲ့ ကျန့်ကျန့်ကို ရိပေါ် ချစ်ခင်မြတ်နိုးတဲ့ စိတ်နဲ့ ကြည့်နေမိတယ် မသေချာခဲ့တဲ့စိတ်တွေက အခုတော့ သေချာတာတစ်ဖက်လွန်သွားပါပြီလေ