အပိုင်း ၂၅ (2 ver) Warning 🔞🔞
3.7K 241 63
Zawgyi ver
"မိဖုရားကြီး အိပ်နေပြီလား?"
"မအိပ်သေးပါဘူး ကိုယ်ရံတော်ကျန်း"
"အင်း ဒါဆိုလဲ အထိန်းတော်ကြီးပဲ တစ်ချက်ပြောပေးပါဦး ကျွန်တော်ရောက်နေကြောင်း"
"ဟုတ်ကဲ့ပါ"
မိဖုရားကြီး!!! ကိုယ်ရံတော်ကျန်း အခစားဝင်ကြောင်းပါ!!!
"ဟမ် အင်းအင်း ဝင်လာခဲ့လေ"
ကျန်းချန်ဝင်သွားလိုက်တော့ မိဖုရားကြီး ရှောင်းကျန့် အောက်ခံအဖြူ အင်္ကျီပဲဝတ်ထားပြီး အိပ်ဖို့ပြင်နေပေပြီ
"ကျန်းချန် ဘာဖြစ်လို့လဲ မင်းကြီးက ဒီနေ့ည လာမယ်ဆိုပြီးမလာတော့ ညနက်နေပြီမို့ ငါလဲအိပ်တော့မလို့"
"ဟို....မင်းကြီးက မယ်တော်ကြီးအဆောင်က ပြန်လာပြီးတည်းက သေရည်သောက်နေတာခုထက်ထိပါပဲမိဖုရားကြီး ညစာလဲမသုံးဆောင်ရသေးပါဘူး ခုထိသောက်နေတာမို့ ကျွန်တော်လဲ ဘာလုပ်ရမယ်မသိတာနဲ့  ဒီဘက်ထွက်လာခဲ့တာပါ...အဲ့ဒါ မိဖုရားကြီးကပဲ......."
ကျန်းချန် ဆက်ပြောသင့်မပြောသင့် စဉ်းစားနေမို့ ရှောင်းကျန့်ကပဲနားလည်ပေးလိုက်သည်
*အင်းလေ ဘယ်လိုပဲဖြစ်ဖြစ်ကံအကြောင်းပါလို့ ဒီရောက်နေပြီးမှတော့ ငါ့တာဝန်ပဲပေါ့*
"ကျန်းချန် ရှေ့ကလမ်းပြ သွားကြတာပေါ့"
"ဟို......မိဖုရားကြီး ဒီအတိုင်းထွက်ဖို့မသင့်တော်ကြောင်းပါ"
"အမ် ဘာလို့"
ပြောလဲသိမယ့်ပုံမပေါ်တာကြောင့် ကျန်းချန်ကပဲ ရှောင်းကျန့်ရဲ့ဝတ်ရုံကိုဆွဲယူကာ ကိုယ်ပေါ်လွှားတင်ပေးလိုက်သည် အဲ့တော့မှ ကိုယ်တော်ချောက နားလည်သွားဟန်ဖြင့် မျက်လုံးလေးပြူးပြီး ခေါင်းလေးငြိမ့်လို့.......
စာကြည့်ဆောင်ရှေ့ရောက်ချိန်မှာတော့ ကျန်းချန်ကပဲ ဝင်ခွင့်တောင်းလိုက်သည်
"မင်းကြီး မိဖုရားကြီးရောက်ရှိလာကြောင်းပါ!!!"
"ဟမ် ကျန့်ကျန့်လား?"
မိဖုရားကြီးဆိုတဲ့အသံကြားတာနဲ့ တံခါးဝုန်းကနဲပွင့်လာကာ ဝမ်ရိပေါ် ယိုင်ထိုးယိုင်ထိုးနဲ့ ထွက်လာသည်