အပိုင်း ၁၃
1.8K 176 38
Zawgyi
"နင်တို့ တကယ်ကံကောင်းတယ် နင်တို့သိရဲ့လား နင်တို့ခေါင်းပေါ်မှာတင်ထားတာ တန်ဖိုးကြီး ရှားပါးပစ္စည်းတွေပဲ ပစ္စည်းတွေအားလုံးတန်ဖိုးရှိတယ် ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းက မတော်လို့ပြုတ်ကျလာရင် အသတ်ခံရမယ်"
မိဖုရားဝမ်ရဲ့ အဆောင်တော်အတွင်းမှာတော့ နန်းတွင်းသူတွေကော အထိန်းတော်ကုန်းကုန်းပါမကျန် ခေါင်းပေါ်မှာ တန်ဖိုးကြီးပန်းအိုးတွေကို ရွက်လျက်ရှိသည်
ဘယ်သူ့လက်ချက်လဲဆိုတာ မေးစရာတောင်လိုမယ်မထင်...
သူတို့ရဲ့ရှေ့မှာတော့ မိဖုရား ဝမ်မေအော်က လက်ကိုနောက်ပစ်ပြီး ဟိုဘက်လျှောက် ဒီဘက်လျှောက်နဲ့ စကားပြောနေတာဖြစ်သည် ဟိုတခါ မင်းကြီးဆီက ရိုက်တာခံရပြီးတည်းက ဝမ်မေအော် လူမရိုက်ရဲတော့
"ခါတိုင်းအချိန်မှာ မင်းတို့ကရိုးရိုးသားသားနဲ့ ပြောစကားနားထောင်မယ်ဆိုရင် ဘာပြသနာမှ မဖြစ်နိုင်ဘူး"
မိဖုရားဝမ်က သူတို့ရှေ့မှာပြောနေရင်းမှ တံခါးဝသို့ လှမ်းမျှော်ကြည့်ကာ အလိုမကျဟန်ဖြင့်
"ဟမ့် ဒီ..အားချီ သူ့ကိုမယ်တော်ကြီးဆီသွားပြီး ပစ္စည်းယူခိုင်းတာ ဒီလောက်ကြာနေပြီ ပြန်မလာသေးဘူး ပြန်လာတော့မှ အသေရိုက်ပစ်မယ်"
မိဖုရားရဲ့ကြိမ်းဝါးနေမှုကြောင့်လားမသိ တဖက်မှာတော့....
"ဟင်းးး ကျန်းချန် မင်းပြောစမ်း ဒီလောက်ရက်စက်တဲ့မိန်းကလေးတစ်ယောက်ဟာ ဘယ်လိုလုပ် မိဖုရားကြီးဖြစ်လာနိုင်မှာလဲ"
"ဒါမေယ့် မယ်တော်ကြီးက ဝမ်မိဖုရားကို အချစ်ဆုံးပဲ မင်းကြီးကလဲ သားအလိမ္မာလေးဆိုတော့....."
"ထားလိုက်ပါ ငါကတော့ သူ့ကို မိဖုရားခေါင်မြှောက်မှာမဟုတ်ဘူး"
"ဒါပေမယ့် မင်းကြီးက မယ်တော်ကြီးကို လွန်ဆန်နိင်လို့လား??"
"ဝမ်မေအော်ရဲ့ ပညာခန်းကတော့ ကြာလေအစွမ်းထက်လေပဲ မယ်တော့်ကိုတောင် ဖြားယောင်းသိမ်းသွင်းနိုင်တယ် ဟင်းး"
ရိပေါ်အင်္ကျီလက်စကို ခါကာ ရှေ့မှစိတ်ပျက်စွာထွက်သွားလေသည် ကျန်းချန်လဲ မင်းကြီးကိုကြည့်ရင်း ခေါင်းတခါခါနှင့် ရိပေါ်စိတ်ကိုနားလည်ပေမယ့် သူမှမတတ်နိုင်တာ
သွားနေရင်း တရှုံ့ရှုံ့ငိုသံကြား၍ ကျန်းချန်လှည့်ကြည့်မိတော့
ဟင်......
"အားချီ...."