အပိုင်း ၂၈ (Zawgyi+Unicode ver)
1.7K 208 23
Zawgyi ver
ရှောင်းကျန့် ပုံမှန်သာဆို မယ်တော်ကြီးကို သူ ဒီ့ထက်မက ပြန်ပြောချင်ပေမယ့် အခုချိန်မှာ သူက သာမန်ပြည်သူမဟုတ်တာကြောင့် ဝမ်ရိပေါ်မျက်နှာထောက်ရမယ်မလား ကံကြမ္မာက ဒီအတိုင်းဖန်လာမှတော့ သူက ဘာတတ်နိုင်မှာတဲ့လဲ စိတ်ကိုအောက်ဆုံးထိလျှော့ချကာ အကိုဟန်စန့်ပေးလိုက်တဲ့ပုလွေလေးကို ပါးစပ်နားတေ့ကာ ရေကန်ဘေးမှာ ဟန်စန့်မှုတ်ခဲ့တဲ့တေးသွားကိုပဲ စဉ်းစားကာ ပြန်တီးမှုတ်နေလိုက်သည်
ဒေါသထွက်နေတဲ့အချိန်မှာ ပေါက်ကွဲခွင့်မသာတဲ့အခါ အတတ်ပညာတစ်ခုခုမှာ ဈာန်ဝင်နေလိုက်တာကလဲ ပြေရာပြေကြောင်း နည်းလမ်းတစ်ခုပဲမဟုတ်လား.......
.
.
.
.
.
.
"ကျန်းချန်..... ငါဘယ်လိုလုပ်ရမလဲ..မယ်တော့်ကို နားလည်အောင် ငါဘယ်လိုပြောရမလဲ စဉ်းစားလို့ကိုမရတော့ဘူး.....ငါ မေအော့်ကို နှမလေးတစ်ယောက်လိုပဲ သဘောထားတယ်.... ရှောင်းကျန့်ကိုကျ ချစ်လားဆိုတာ အတည်မပြုချင်သေးပေမယ့် ငါ့စိတ်တွေအားလုံး သူတစ်ယောက်တည်းဆီမှာပဲရှိတယ်.... သူ့ကိုကာကွယ်ပေးချင်တယ် စောင့်ရှောက်ပေးချင်တယ်.... သူ့ကို တခြားသူတွေ အပြောနဲ့မဟုတ်ဘူး အကြည့်နဲ့တောင် အကြည့်မခံစေချင်ဘူး..... ဖြစ်နိုင်ရင် အင်္ကျီအတွင်းအိတ်ထဲ ထည့်ထားလို့ရတောင် ထည့်ထားချင်တယ်..... ဒါတွေကို ခြုံငုံလိုက်ရင် အချစ်လို့ ခေါင်းစဉ်တပ်ရမလား?"
"ကျွန်တော်မျိုးလဲ မသိပါဘူး မင်းကြီး"
(Poor zhang cheng 😂😂)
"အချစ်ကလေးနက်တယ်ဆိုရင် ငါ ကျန့်ကျန့်အပေါ်ထားတဲ့ စိတ်ထားက အဲ့ထက်ပိုလေးနက်တယ် ဒါကြောင့် ငါ ကျန့်ကျန့်ကို ချစ်တာမဟုတ်ဘူး မြတ်နိုးတာ.... ဟုတ်တယ်.... ငါ့အပိုင်ပစ္စည်းလေးတစ်ခုကို သူများကြည့်ရင်တောင် နှမြောသလိုမျိုးကို မြတ်နိုးတာ..... ဟူးးးး ငါ ဘယ်လိုလုပ်ရပါ့မလဲ?? မယ်တော်ကလဲ နန်းသွေးဆိုတာ ပါးစပ်ကမချဘူး.... ကျန့်ကျန့်က မမွေးပေးနိုင်မှန်းသိလို့ ငါ့ကို အဲ့ဒါနဲ့အကျပ်ကိုင်နေတယ်ဆိုတာ ငါသိတယ်"
"မင်းကြီး နန်းသွေးကိစ္စ ကျွန်တော်မျိုး တစ်နည်းနည်းနဲ့ အဆင်ပြေအောင် စဉ်းစားကြည့်ပေးပါ့မယ်"