Zawgyi
"ကျန်းချန် ငါလူတစ်ယောက်အကြောင်းစုံစမ်းချင်တယ် ငါတို့ဟိုတခါတွေ့ခဲ့တဲ့မိန်းကလေးလေ မင်းသိလား မြို့ပြင်မှာကူညီနေတဲ့တယောက် ငါသူ့အကြောင်းသိချင်တယ်"
"အင်း ငါစုံစမ်းပေးပါ့မယ်"
"ငါ ဒီနေ့ညနေပဲသိချင်တယ်"
"အင်း...ရစေရမယ် ငါကိုယ်တိုင်သွားမယ် ငါ့ကိုသွားခွင့်ပြုဦး"
ကျန်းချန် ရိပေါ်ရဲ့အမိန့်ကြောင့် သူကိုယ်တိုင်စုံစမ်းဖို့ထွက်လာခဲ့လိုက်သည်
*ဘယ်ကစရပါ့မလဲ?? ဒီမိန်းကလေးကိုတွေ့တဲ့အချိန်တိုင်းလမ်းပေါ်မှာပဲမို့ ရုပ်ကိုပဲသိတာ နာမည်လဲမသိ ဟူးးးး မတတ်နိုင်ဘူး တစ်မိုးအောက် ရိပေါ်ကသိချင်နေမှတော့ သူဖြစ်အောင်လုပ်ပေးရမှာပေါ့*
ကျန်းချန်စိတ်ကူးတည့်ရာ လျှောက်လာနေရင်း သူ့အရှေ့မှာတွေ့လိုက်ရတာက သူရှာရမယ့်မိန်းကလေး အဲ့....ဒါပေမယ့် ယောက်ျားလေးအဝတ်အစားနဲ့!! မဟုတ်ဘူး မိန်းကလေးကိုမဟုတ်တာ ပုံစံကြည့်တာနဲ့သိသာသည် အရမ်းလှလွန်းတာရော မိန်းကလေးအဝတ်အစားကြောင့်သာ ဟိုနေ့က သူတို့မိန်းကလေး ထင်မိတာပဲ
*နေပါဦး သူ့ဘေးက..... ဟာ ဟိုတည်းခိုခန်းကလူပဲ သူတို့နှစ်ယောက်ကဘာလဲ??*
ရယ်မောပျော်ရွှင်စွာနဲ့ စကားပြောနေတာမို့ လူရင်းတွေများလား လျှို့ဝှက်ချက်များလွန်းနေတာမို့ နောက်ကပဲ တိတ်တဆိတ်လိုက်နေခဲ့လိုက်သည် တည်းခိုခန်းရှေ့ရောက်တော့ ဟိုလူကနှုတ်ဆက်ပြီးဝင်သွားပြီမို့ သူမနောက်ကိုသာ ကျန်းချန်ဆက်လိုက်လာခဲ့သည်
"သခင်လေး.....သခင်လေးးး ဟောဟဲ ဟောဟဲ"
ရှောင်းကျန့် အသံကြားလို့ လှည့်ကြည့်လိုက်တော့ ကျစ်ဖန်း
*ဟာ သေစမ်း ဟုတ်သားပဲ ကျစ်ဖန်းကိုသူမော့းခဲ့သည် ဟီးးးး*
ယုန်သွားပေါ်အောင်ဖြီးပြနေသော သခင်လေးကြောင့် ကျစ်ဖန်းစိတ်တိုနေတာတောင် ဘယ်ရောက်သွားမှန်းမသိ သူတို့သခင်လေးကိုက လှလွန်းပါတယ်လေ
"ဟီးးးး ကျစ်ဖန်း ဘယ်လိုနေသေးလဲ နာနေသေးလား?"
"ဟာ သခင်လေး ဘာတွေလျှောက်မေးနေတာလဲ?"
ESTÁS LEYENDO
De Todoကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...