အပိုင်း ၁၇
1.8K 160 19
Zawgyi
"မင်းကြီး....ချင်နိုင်ငံကိုသွားတာ ကျွန်တော်မျိုးလဲ မသိလိုက်ရပါလား ဘာကြောင့်များ မင်းကြီးတစ်ပါးတည်းထွက်သွားရတာလဲ"
"ဟက် ချင်နိုင်ငံက မင်းကြီးပေါက်စကို ငါကကြောက်နေရမှာလား မဆိုးပါဘူး စိတ်ဝင်စားစရာတွေတော်တော်များများတွေ့ခဲ့တယ် ချင်နိုင်ငံက ဟိတ်ကြီးဟန်ကြီးနဲ့ အလယ်မှာတော့ ခြစားနေကြတာ အခုချိန်မှာ သူ့အောက်ကလူတွေအရင် ငါ့ဘက်ပါလာဖို့လိုတယ် ဝမ်လျိုဟန်ဆီ ပို့ပြီးပြီလား တံစိုးလက်ဆောင်တွေနဲ့ လက်နက်တွေ"
"ပို့ပြီးပါပြီမင်းကြီး"
"အင်း ကောင်းပြီ ငါအခုအရမ်းပင်ပန်းနေပြီ နားတော့မယ် ဘာပြောစရာရှိသေးလဲ"
"ဟို... မင်းကြီးတစ်ပါးတည်းချင်နိုင်ငံကို ထွက်သွားတယ်ဆိုလို့ မိဖုရားကြီး အရမ်းစိတ်ပူနေပါတယ် အဲ့ဒါ မင်းကြီးပြန်ရောက်လာရင် သူ့ကိုပြောဖို့မှာထားတာမို့....."
"ရတယ် မပြောနဲ့ဦး အနားယူပြီးမှ ငါသူ့အဆောင်သွားလိုက်မယ် ဒါပဲမလား"
"ဟုတ်ကဲ့ မင်းကြီးအေးစက်စွာ အနားယူပါ"
"အင်း"
တထန်မင်းကြီး ရက်စက်တတ်တဲ့နေရာမှာ သူမတူတဲ့  သွေးအေးတဲ့ ဘုရင်မို့ သူ့ကို မိစ္ဆာဘုရင်လို့တောင် ကွယ်ရာမှာခေါ်ကြသည်
ဘယ်လောက်တောင်ရက်စက်လဲဆို သူ့မျက်စိထဲ အမြင်မကြည်အောင်လုပ်မိတာနဲ့တင် အဲ့လူ အနည်းဆုံး အကျိုးအကန်းတော့ဖြစ်သည် မိန်းမယောက်ျားမခွဲခြားပဲ နှိပ်စက်နိုင်သည်မို့ အားလုံးက ဘုရင်ကိုကြောက်ကြသည် ယခုလက်ရှိ မိဖုရားကြီးမှလွဲ၍ ဘုရင်နားမှာ တခြား ဘယ်မိဖုရား ကိုယ်လုပ်တော်မှ ကြာရှည်မခံနိုင် သူ့လက်ဆက ထိုမျှလောက်ပြင်းထန်သည် သို့သော် ထိုဘုရင်ကို ချစ်ခင်လေးစားသောသူ နှစ်ယောက်တော့ရှိသည် မိဖုရားကြီးနှင့် ဘုရင့်ကိုယ်ရံတော်တပ်မှူး တထန်ပြည်ရဲ့ အတော်ဆုံး စစ်သူကြီး သူတို့ကတော့ ဘုရင်အကြောင်းကိုနားလည်သည်မို့ ကြောက်စိတ်ထက် ချစ်စိတ်ကပိုသည်
ဘယ်သူထင်မှာလဲလေ ဒီလောက်ရက်စက်တဲ့ ဘုရင်က ငယ်ငယ်က ပြင်းထန်ကြမ်းတမ်းတဲ့ လေ့ကျင့်ခံရမှုတွေကြောင့် နူးညံ့မှုတွေပျောက်ဆုံးခဲ့တယ်ဆိုတာ
သိတဲ့နှစ်ယောက်ကပဲ သူ့ကိုချစ်မြဲတိုင်းချစ်လျက်