အပိုင်း ၅
2.6K 243 6
Zawgyi
"ကိုကို.. ကျန့်ကျန့်အပြင်ထွက်ချင်တယ် .. ကျန့်ကျန့်အပြင်မထွက်တာ ၁ ပတ်တောင်ရှိသွားပြီ"
"အင်း ကျန့်ကျန့်ကလိမ္မာနေတာပဲ ကဲ ပြော ငါ့ညီလေးက ဘာဖြစ်လို့အပြင်ထွက်ချင်တာလဲ"
"ကျန့်ကျန့်မှာ အဖေတို့ပေးတဲ့မုန့်ဖိုးတေစုထားတာ တော်တော်များနေပြီ အဲ့ဒါ မြို့ထဲက ဒုက္ခသည်တွေကို ဆန်ဝေပေးချင်လို့ ပြီးတော့ သူတို့အတွက် နေစရာတွေပြန်ပြင်ပေးချင်တာ အဲ့ဒါ...."
"အော် ကိုကို့ညီလေးက ကောင်းမှုကုသိုလ်လုပ်နေတာပဲ ကိုကိုကကူညီရမှာပေါ့ ကိုကိုလဲလိုက်မယ်လေ လာ အဖေ့ကိုအရင်ဆုံးခွင့်တောင်းကြတာပေါ့"
သိသိသာသာပျော်သွားတဲ့မျက်နှာလေးကိုကြည့်ရင်း ပိုလို့ချစ်ရပါတယ် ညီလေးရယ် အရမ်းဖြူ စင်ပြီးစိတ်ထားကောင်းလို့လဲ ပိုလှလာတာလားလို့ မဆီမဆိုင်တွေးမိသေးတယ်
အရှေ့ကပျော်ရွှင်စွာထွက်သွားတဲ့ညီဖြစ်သူနောက် အမြန်လိုက်ရင်း အဖေ့အခန်းထဲသွားလိုက်သည်
"အဖေ"
"အော် ဖုန့်အာ လာတာအတော်ပဲ အခုပဲ နန်းတော်က အခေါ်လွှတ်လို့ သွားဖို့ပြင်တော့"
"ဗျာ.."
ကျန့်ကျန့်ကိုလှည့်ကြည့်တော့ မျက်နှာမကောင်း ဟူးးးး
"ရှောင်ရှောင်းကျန့်"
"ဗျာ အဖေ"
"မင်းဘာပြောချင်လို့ အခန်းထဲလာတာလဲ"
"ဟို.... အဖေ သားဒီနေ့ အပြင်ထွက်ချင်တယ် "
"မင်းးး ဘာဖြစ်ချင်ပြန်ပြီလဲ ဘာလိုချင်လို့လဲ အဖေအပြန်ကျ ဝယ်လာခဲ့မယ် ပြော"
"မဟုတ်... မဟုတ်ပါဘူးအဖေ ဘာမှမလိုချင်ပါဘူး မြို့ထဲကဒုက္ခသည်တွေဆီကို သားစုထားတဲ့ပိုက်ဆံလေးနဲ့ ရိက္ခာလေးနည်းနည်းဝေပေးချင်လို့ပါ ပြီးတော့ မိုးရာသီရောက်ပြီမို့ သူတို့နေစရာလေးပြန်ပြင်ပေးချင်တာပါ "
"အင်း... သားကကောင်းမှုလုပ်တာကို အဖေတယောက်အနေနဲ့လဲမတားချင်ဘူး ဒီတော့ သွားပါ တစ်ခုပဲ မင်းမျက်နှာကိုပုဝါစီးသွား တခြားသူမရိပ်မိအောင် သခင်မလေးပုံစံ ဝတ်စားသွား မြန်မြန်သွား မြန်မြန်ပြန်ခဲ့ ပိုက်ဆံထပ်ယူသွား"