အပိုင်း ၆
2.5K 246 12
Zawgyi
"ဟမ်..ဒါ...ဒါဆို"
"မင်းတို့ရလာတဲ့ပိုက်ဆံ တစ်ဝက် ငါ့ကိုပေးရမယ် ဒါပေမယ့် အခုမဟုတ်ဘူး သိမ်းထားဦး လာ ငါ့နောက်လိုက်ခဲ့"
၃ယောက်သား နားမလည်နိုင်စွာနဲ့ ထူးဆန်းတဲ့မိန်းကလေးနောက်လိုက်သွားကြတယ် သူတို့သွားနေတာ မြို့ရိုးဘက်မို့ ဒီမိန်းကလေး ဘာလုပ်စေချင်နေတာလဲ စဉ်းစားမရ
တနေရာရောက်တော့ မိန်းကလေးက ရပ်လိုက်တာမို့ သူတို့ ၃ ယောက်လုံးကြည့်လိုက်တော့ ဒုက္ခသည်စခန်း
*ဟမ် ငါတို့က ဒီမှာဘာလုပ်ရမှာလဲ*
"ဟာ သခင်မလေး ဘာကျန်ခဲ့လို့လဲဟင်"
"အဟမ်းးး ... အဟမ်းးဟမ်းးး"
မိန်းကလေးက သူတို့ကို မျက်စပစ်ပြနေတော့မှ အော် သူတို့ကိုပေးစေချင်တာကိုးး
"အော် ဒီလိုပါ ဒီက ၃ ယောက်ကလေ အရမ်းကုသိုလ်ပြုချင်နေတာမို့ ဒီကိုခေါ်လာတာပါ သူတို့ရဲ့ငွေစတွေကို ဦးလေးတို့လက်ခံပေးလိုက်ကြပါ လိုအပ်တာဝယ်ရတာပေါ့"
ပြောလဲပြော လက်ထဲကငွေထုပ်ကို လာဆွဲနေတာမို့ နှမြောစိတ်က ပြန်ဆွဲထားမိသည် သူဆွဲကိုယ်ဆွဲနဲ့ စိတ်မရှည်တော့ မိန်းကလေးမှ ဆောင့်ဆွဲလိုက်လို့ပါသွားတဲ့ အိတ်လေးကို နှမြောလှစွာ လျှာလေးသပ်ကြည့်ရင်း တံတွေးပါဂလုခနဲ မြိုချလိုက်မိသည်
"ဒီမှာပါဦးလေး နောက်ဆိုလဲ သူတို့ ၃ ယောက်က ဆန်ပြုတ်နဲ့တခြားလိုအပ်တာတွေ လာပေးလိမ့်ဦးမယ်သိလား သူတို့ကအရမ်းသဘောကောင်းတာ အလှူအတန်းရက်ရောတာမို့ ဘာမှအားမနာနဲ့ သိလား"
"ဟုတ်တယ်မလား"
ဗိုက်ကိုတံတောင်နဲ့တွက်လိုက်မှ အသိပြန်ဝင်လာရင်း
"အော် အင်းးး အင်းးး ဟုတ်ပါတယ် ဟုတ်ပါတယ် ဟီးး😁😁"
*ကုန်ပါပြီ ငါ့ဟာလေးတွေ 😭😭*
______________________________________
မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ!!!
"ညီလာခံခေါ်ရတာက တထန်တိုင်းပြည်ဘက်က သူလျှိုတေပြောကြားချက်အရ သူတို့ဘက်က လှုပ်ရှားနေတယ်ကြားရတယ် အဲ့ဒီ့ဘက်က အခုရှေ့မှာရှိနေတဲ့ မှူးမတ်အချို့ကိုလဲ တံစိုးလက်ဆောင်တွေပေးထားတယ်ကြားတယ် မောင်မင်းတို့ ကိုယ်တော်က အသက်ငယ်တယ်ဆိုပြီး ပုန်ကန်ချင်နေတာလား!!!!😡😡"