Zawgyi ver
ဝမ်မေအော် အကိုဖြစ်သူ ဝမ်ချောင်ကိုအခေါ်လွှတ်ထားတာကြောင့် စောင့်နေလိုက်သည်... အကိုတော်မင်းကြီးက သူမအပေါ်အနိုင်ကျင့်သွားတာ လုံးဝမကျေနပ်ပေ....
ချစ်ခဲ့ပါသည်...သို့သော်...ချစ်သလောက်လဲမုန်းခဲ့ပြီ....
"မိဖုရား....မင်းသားရောက်ရှိကြောင်းပါ"
"ဝင်လာခဲ့"
ဝမ်ချောင်လဲ ညီမဖြစ်သူကခေါ်တာကြောင့် ဘာများလဲဆိုပြီး စိုးရိမ်စိတ်နဲ့သာလာခဲ့ရသည်...
"ညီမလေး...ဘာဖြစ်လို့လဲ?"
"ထိုင်ပါဦး အကိုတော်...မေအော် ပြောစရာရှိလို့ခေါ်လိုက်တာ"
"အင်း"
"အကိုတော်...အဖေ ဘာတွေလုပ်နေလဲ.... တထန်နဲ့ဆက်သွယ်တာကရော ဘာတဲ့လဲ..အခုလက်ရှိအခြေအနေကကော??"
"တထန်က အခုခြေငြိမ်နေတယ်...နန်းတက်ပွဲမှာ တပ်ဆုတ်သွားပြီးတည်းက ငြိမ်သွားတာ"
" နောက်လဆို ဧကရီရှောင်းက သူတို့နိုင်ငံကိုသွားရတော့မှာမလား?"
"ဟုတ်တယ်...ခက်တာက အခု အဲ့ကောင်က ဘယ်ရောက်နေမှန်းမသိတာပဲ...ဒါပေမယ့် ဟိုနေ့ကတော့ သူ့အိမ်ကိုလူတစ်ယောက်သတင်းလာပေးတယ်ကြားတယ်...အဲ့ကောင် ရှောင်းကျန့်က မွန်ဂိုရောက်နေတယ်ဆိုလား??"
"ဘာ!! မွန်ဂို??"
"အင်း"
"မွန်ဂိုက လူစိမ်းဝင်လို့မရတာကို?"
"အင်း....ဒါပေမယ့် အဲ့ကောင်အကြောင်း ဘာသတင်းမှမကြားဘူး...အခု သူ့အကိုလိုက်သွားတဲ့နောက်ကို အကို့လူထည့်ထားတယ်....သိရတော့မှာပါ အခြေအနေ...ပြီးရင် ငါ့ညီမနဲ့ မင်းကြီးကြားမှာမရှုပ်နိုင်အောင် လုပ်ပေးမယ်"
"နေဦး အကို... ငါတို့ သူ့ကို တထန်ထဲရောက်မှပဲ သတ်တော့မယ်...အခုလွှတ်ပေးထားလိုက်ဦး...တထန်ရောက်မှ အပြတ်ရှင်းလဲ မီသေးတယ်....သူ့ကိုသတ်ဖို့ကို လူမလွှတ်နဲ့တော့ မိသွားလို့နောက်ကြောင်းလိုက်ရင် စိတ်မချရဘူး...ဆရာကြီးဝူကျောင်းလက်ပဲအပ်လိုက် ...သူကြည့်လုပ်လိမ့်မယ်"
"အေး..ကောင်းပြီ...အဲ့အတိုင်းပဲသတ်မှတ်ကြတာပေါ့...ဒါနဲ့ နင်ကော မင်းကြီးကိုဆေးတိုက်ပြီးပြီလား?"
ESTÁS LEYENDO
De Todoကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...