အပိုင်း ၁၀
2.2K 192 13
Zawgyi
ရှောင်းကျန့်ပစ်ပေးတဲ့ အင်္ကျီတွေကို ချုံပုတ်ထဲမှ ကပျာကယာလှမ်းဖမ်းပြီး ရှောင်လုံရှာ ပါးစပ်ကြီးဖြဲပြီးရယ်ပြမိသည်
"မင်းက လက်နှေးခြေနှေးတဲ့ ဆိတ်အိုကြီးပဲ သူများလောင်းကစားဝိုင်းကို သွားပြီးတော့ ဖျက်ရဲသေးတယ်"
"တော်ပါပြီ...ချစ်စရာကောင်းတဲ့ သခင်မလေး ငါဘာအမှားလုပ်မိလို့လဲ မလုပ်မိပါဘူး ငါကမင်းကိုစမ်းသပ်နေတာ ခင်မင်မှုအပေါ်ကို ဘယ်လောက်သစ္စာစောင့်သိသလဲလို့ပေါ့"
"ဟမ်းးး ရှောင်းယွီဖုန့်ရဲ့ ကျောက်စိမ်းဆွဲပြားက သူအနှစ်သက်ဆုံးပစ္စည်းပဲ"
"အယ် ဒီလောကကြီးမှာ ခင်မင်မှုရယ် သွေးသောက်ညီနောင်မေတ္တာတရားထက်ပိုပြီး တန်ဖိုးကြီးတဲ့အရာရှိသေးလို့လား အဲ့ ကျန့်ကျန့် မင်းအသာရနေတာတောင်မသိသေးဘူးလား ကျောက်စိမ်းဆွဲပြားတစ်ခုနဲ့ ငါ့ခင်မင်လေးစားမှုကို ရရှိတာ အဲ့ဒါကို ကျောက်စိမ်းဆွဲပြားအခုတစ်ရာနဲ့တောင် လဲလှယ်လို့မရဘူး ညီမလေး မင်းဒီကစလို့ ကုသိုလ်ကံကောင်းပြီ"
"ငါတော့ နည်းလမ်းရှာပြီး ကျောက်စိမ်းဆွဲပြားကို ပြန်ရွေးလို့ အကို့ဆီပြန်ပေးရဦးမယ်"
"စိတ်ချစမ်းပါ အားလုံး ငါ့တာဝန်ထား ကြည့်စမ်းပါဦး ကျန့်ကျန့် မင်းကိုငါခေါ်ထားတာ လျှောက်လည်ဖို့လို့ မင်းကထင်နေတာလား မင်းမျက်စိအစုံတော့ တိမ်လွှာဖုံးနေပြီ ငါဘယ်လောက်တွေးခေါ်တတ်တယ်ဆိုတာ မင်းမမြင်မိဘူးလား"
"မင်းဘာပြောချင်တာလဲ"
ကျန့်ကျန့်မျက်နှာမကောင်းတာကြောင့် သူဆက်စမနေတော့ပဲ ကြားထားတဲ့သတင်းသာပြောလိုက်တော့သည်
"ကျန့်ကျန့် ဒါကအခွင့်ကောင်းသိမ်းပိုက်ရတော့မယ့် ကာလပဲ မင်းသေချာနားထောင်"
"ဘာနားထောင်ရမှာလဲ"
"မင်းကြားရဲ့လား ရွှေတွေအချင်းချင်းရိုက်ခတ်နေတဲ့အသံလေ ညီမလေး မင်းကိုပြောပြမယ် လူတစ်ယောက်ဟာ ဒီညမှာ ရွှေငွေရတနာတွေအများကြီးကို ငါတို့ဆီလာပေးလိမ့်မယ်"