Zawgyi ver
~ဖြောင်း~
မျက်နှာပေါ်ကျရောက်လာတဲ့ ရိုက်ချက်ကြောင့် ဟန်စန့်မတ်မတ်ရပ်ထားတဲ့ကြားက လည်ထွက်သွားရသည် တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းကြားကထွက်လာတဲ့သွေးတွေကို လက်ဖမိုးနဲ့သုတ်လိုက်ပြီး မတ်မတ်ပြန်ရပ်နေလိုက်သည်
"ဟန်စန့် မင်းခုနကစကားကို ပြန်ပြင်ပြောလိုက်စမ်း"
"မပြင်နိုင်ပါဘူး ခမည်းတော် အဲ့ဒါကျွန်တော့်သဘောထားအမှန်ပါ"
"မင်း....မင်း!!!.... အရင်မင်းဆက်က ငါကိုယ်တော်ရဲ့ သူငယ်ချင်းမိတ်ဆွေအရင်းကြီးကွ သူ့ကိုသစ္စာဖောက်တဲ့လုပ်ရပ်မျိုး ငါလုပ်မှာမဟုတ်ဘူး"
"ခမည်းတော်..... သားတော်စုံစမ်းရသလောက် ဝမ်ရိပေါ်က တကယ်ကောင်းတဲ့ဘုရင်တစ်ပါးပါ အရင်မင်းဆက်ထက်တောင် ပိုတော်လာနိုင်တဲ့ အလားအလာလဲရှိတာကြောင့် သူနဲ့မဟာမိတ်ဖွဲ့တာက သားတော်တို့တိုင်းပြည်အတွက်လဲ အကျိုးစီးပွားဖြစ်မယ်လို့ သားတော်ယူဆပါတယ် ခမည်းတော်....ဒါက မရှိတော့တဲ့အရင်မင်းဆက်ကို သစ္စာဖောက်ရာလဲမကျပါဘူး"
"အေး အရင်မင်းဆက်ကမရှိတော့ပေမယ့် သူ့လူယုံတွေတချို့ကျန်သေးတဲ့အပြင် သူတို့ရဲ့လက်စားချေရေးအစီအစဉ်ကိုလဲ ငါနဲ့တိုင်ပင်ပြီး ကြံစည်နေကြတာ မင်းလဲအသိဆုံး.... ဒီတခါ မင်းကိုချင်တိုင်းပြည်လွှတ်တာ အခွင့်သာရင်တစ်ခါတည်းကိစ္စရှင်းခဲ့ဖို့ပါမှာလိုက်တာကို မင်းက ငါကိုယ်တော်မျှော်လင့်ထားတာကို ရိုက်ချိုးရဲတယ်ပေါ့...ဘာကြောင့်လဲ ဟန်စန့် ဘာကြောင့်လဲ?"
*ခမည်းတော်က ကိုယ့်ကိုမေးနေတာကို ကိုယ်ဘယ်လိုပြန်ဖြေရပါ့မလဲ ကျန့်ကျန့်ရေ*
"အကြောင်းအရင်းကို သားတော်ပြောပြီးသားပါ ခမည်းတော်.....အရင်မင်းဆက်ရဲ့လူယုံတော်တွေက လက်စားချေမယ့်ကိစ္စကို ခမည်းတော်ကူညီမယ်ပြောထားတာမှန်ပေမယ့် အကယ်၍ခမည်းတော်မကူညီနိုင်ဘူးလို့ပြောလိုက်ရင်လဲ သူတို့အနေနဲ့ စောဒကတက်ခွင့်မရှိပါဘူး ဒါပေမယ့် ချင်တိုင်းပြည်နဲ့ မဟာမိတ်ဖွဲ့တာက သားတော်တို့တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ရေရှည်အကျိုးများစေမယ်ဆိုတာ သားတော်ယုံကြည်ပါတယ်"
ESTÁS LEYENDO
De Todoကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...