အပိုင်း ၃၃ (Zawgyi + Unicode ver)
1.4K 195 44
Zawgyi ver
"ခေါင်းဆောင်.....ခေါင်းဆောင် အဆင်ပြေရဲ့လား?"
တပည့်တွေရဲ့ တစ်ယောက်တစ်ပေါက်မေးသံကြောင့် ရှီးချန်အသာပဲ ခေါင်းခါပြလိုက်သည်
"လုံရိကိုခေါ်လာခဲ့"
"ဟုတ်ကဲ့ပါခေါင်းဆောင်"
.
.
.
"ခေါင်းဆောင် ကျွန်တော့်ကိုခေါ်တယ်ဆိုလို့"
"အေး ရော့ ဒီပုံထဲက လူကို ငါ့ကိုစုံစမ်းပေး ငါသူ့အကြောင်းအကုန်သိချင်တယ်"
"ဒါက??"
"အေး အဲ့ဒီတစ်ယောက်က ဒီနေ့ တောလမ်းမှာ ငါတို့ဓားပြတိုက်တဲ့နှစ်ယောက်ထဲက ငါ့တပည့် ၁၀ ယောက်ကျော်ကို လျှော့သွားတဲ့တစ်ယောက်....အဲ့ဒါငါကိုယ်တိုင်ဆွဲထားတဲ့ သူ့ပုံတူပဲ.... သတိထား သူကသာမန်လူမဟုတ်လောက်ဘူး သိုင်းအရမ်းတော်တယ်....စစ်သူကြီး...ဒါမှမဟုတ် မင်းသား....အဆုံးစွန်ဆို ဘုရင်တောင်ဖြစ်နိုင်တာကြောင့် သတိထားပြီးစုံစမ်းပေး!!"
"ဟုတ်ကဲ့ပါခေါင်းဆောင်"
လုံရိထွက်သွားတာနဲ့ ရှီးချန်ခါးနားမှာရသွားတဲ့ ဒဏ်ရာကို ဆေးကြောပြီး ဆေးထည့်ထားလိုက်သည် အစတုန်းကတော့ ထိုခရီးသွားနှစ်ယောက်ကို သူလျှော့တွက်ခဲ့မိတာအမှန်....ပုံစံက ဖြူ နုနုလေးတွေမို့....ဒါပေမယ့်မထင်ရတာက အင်္ကျီအဖြူ ရောင်နဲ့တစ်ယောက်က မတရားတော်နေတာပဲ....သူတပည့် ၁၀ယောက်ကျော်ကို အသာလေးဖြုတ်နိုင်သည့်အပြင် ဒီဘက်မှာ သူအသာစီးရနေပြီဖြစ်တဲ့တစ်ယောက်ကိုတောင် လာကူညီလိုက်သေးသည် နှစ်ယောက်တစ်ယောက်အင်အားကျ ရှီးချန်ဘယ်လိုမှ မနိုင်နိုင်တာကြောင့် ဥာဏ်နီဥာဏ်နက်သုံးကာ ထွက်ပြေးလာခဲ့ရသည်.... မဟုတ်ရင် မလွယ်.....
"သခင်လေး......ဒီနေ့တိုက်ခိုက်တာ ဒဏ်ရာရသွားတယ်ဆို"
"အင်း နည်းနည်းပါးပါးပါ စိုးရိမ်စရာမလိုပါဘူး..... နောက်ပြီး ဦးလေးကိုကျွန်တော်ဘယ်နှစ်ခါပြောရမလဲ?? သခင်လေးလို့ မခေါ်ပါနဲ့ဆိုတာ.... ကျွန်တော်က အခု ခေါင်းဆောင်....ခေါင်းဆောင်တောင်မှ တောပုန်း...ဓားပြခေါင်းဆောင်....ဒါ့ကြောင့် ရှီးချန်လို့ပဲခေါ်ချင်ခေါ် မဟုတ်ရင်လဲ ခေါင်းဆောင်လို့ပဲခေါ်...."