အပိုင်း ၂၆ (zawgyi+unicode ver)
2.3K 234 37
Zawgyi ver
ညီလာခံခန်းမတွင် နောက်ထပ် သလွန်တော်တစ်ခုပါပြင်ဆင်ထားတာမို့ အမတ်တွေအားလုံး အံ့အားသင့်နေကြသည်
.
.
.
.
"မယ်တော်ကြီး!!! မယ်တော်ကြီး!!!"
"ဟဲ့ နန်ကုန်းကုန်း ဘယ်လိုဖြစ်လာတာလဲ ပြာယိပြာယာနဲ့... မင်းကြီးနိုးပြီလား.... ငါ့ဆီဘာလို့မလာသေးတာလဲ"
"မင်း....မင်းကြီးက ညီလာခံမှာ မယ်တော်ကြီးအတွက် အဖြေရှိတယ်ပြောပါတယ် သိချင်ရင် ညီလာခံတက်ပေးပါတဲ့..."
"ဘာ!!!..... မင်းကြီးက အဲ့လိုပြောတယ်တဲ့လား... ဟင်းးးး ရိအာ မင်းအများကြီးပြောင်းလဲသွားပြီပဲ... ဒါ...ဒါ... ရှောင်းကျန့်ဆိုတဲ့ ဟိုကောင်လေးကြောင့်... သူပဲ ... သူပဲငါတို့သားအမိကို သွေးခွဲတာ.... ဟင်းးးးး ငါမသွားနိုင်ဘူး ညီလာခံကို...... ဒီအမေစကားကို နားမထောင်လို့ ဒီအမေအိုကြီး ရင်ထဲမကောင်းလို့ မလာနိုင်ဘူးလို့ မင်းကြီးကို လျှောက်လိုက်"
"ဟုတ်ကဲ့ပါ မယ်တော်ကြီး"
.
.
.
.
.
မင်းကြီးကြွလာပါပြီ!!!!
ဝမ်ရိပေါ် ညီလာခံခန်းမထဲကိုကြည့်လိုက်တော့ မယ်တော့်ကိုမတွေ့... အဟက် သူတချက်ပြုံးလိုက်သည်.. သိသားပဲ မယ်တော်လာမှာ မဟုတ်ဘူးဆိုတာ
"မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"
"အားလုံး ထနိုင်ပြီ"
"ငါကိုယ်တော် ဒီနေ့အမိန့်တစ်ခုထုတ်ပြန်စရာရှိတယ် မိဖုရားကြီးရှောင်းကျန့်ကို လျှို ကျစ်ချန် ဘွဲ့နာမည်နဲ့ ဧကရီမြှောက်တယ် ဒီနေ့ကစပြီး ရှောင်းကျန့်ကို ဧကရီလို့ပဲခေါ်ရမယ် ဧကရီတစ်ပါးရဲ့လုပ်ပိုင်ခွင့်နဲ့ အာဏာ အကုန်လွှဲအပ်စေ ဒီနန်းတော်မှာ ငါကိုယ်တော်ရဲ့အမိန့်ပြီးရင် ဧကရီရဲ့အာဏာက အကြီးဆုံးပဲ ဒါကြောင့် ငါကိုယ်တော်ကလွဲလို့ ကျန်တဲ့သူ ဧကရီကို အမိန့်မရှိပဲ မော်ဖူးခွင့်မရှိ ငါကိုယ်တော်ရဲ့အမိန့်"
ဒါ....ဒါက ဘယ်လိုဖြစ်တာလဲ ယောက်ျားလေးဧကရီတဲ့လား...
အမတ်ကြီးတွေအကုန် ရုတ်စုရုတ်စုနဲ့ အသံတိုးတိုးပြောကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး နားမလည်ဟန်ဖြစ်နေကြသည်