Zawgyi ver
ကျန်းချန် သူ့ဇာတိမြေ ချင်ချုံးမြို့လေးဆီသို့ ထွက်လာခဲ့လိုက်သည် ၊ ငယ်ငယ်တည်းက ပညာသင်ဖို့ နန်းမြို့ကို ထွက်လာခဲ့လိုက်တာ အခုမှ ဇာတိမြို့ကို ပြန်ရခြင်းဖြစ်တာကြောင့် ကျန်းချန်ရင်ထဲ အတိုင်းမသိပျော်နေခဲ့သည်
အဖေတို့ကိုတွေ့ရတော့မှာပဲ...မတွေ့ရတာတော်တော်ကြာပြီ နေမှကောင်းကြရဲ့လား..
ဇာတိမြို့အကြောင်းကို စကားစပ်ရင်း ရှောင်းဧ ကရီကိုပြောပြဖူးခဲ့သည် အဲ့တုန်းက သူတစ်ခေါက်မှမပြန်ဖြစ်သေးလို့ လွမ်းနေကြောင်းများပြောမိခဲ့လေသလား?? မသေချာပေမယ့် အလုပ်ကိစ္စအရင်းပြုပြီး ဇာတိမြို့ပြန်ရန်စေလွှတ်ပေးတဲ့ ရှောင်းဧကရီကို ကျေးဇူးတင်မိသည်
မင်းကြီးနဲ့လမ်းခွဲပြီးတည်းက ခရီးနှင်လာတာ အချိန်ပင်အတော်လင့်နေပြီဖြစ်လို့ စူးကျိုးမှာပင် ခရီးတထောက်နားရန်ဆုံးဖြတ်လိုက်သည်
"ကြွပါသခင်လေး ဘာသုံးဆောင်ချင်ပါသလဲခင်ဗျာ"
ကျန်းချန် တည်းခိုခန်းထဲဝင်သွားတော့ စားပွဲထိုးလေးမှ ပြာပြာသလဲ ဦးကြိုပြုလေသည်
"အခန်းတစ်ခန်းယူမယ် ထမင်းနဲ့ အဆင်ပြေမယ့်ဟင်းတချို့ နောက်ပြီး သေရည်တစ်အိုးယူခဲ့"
"ဟူတ်ကဲ့ပါသခင်လေး အပေါ်ထပ်ကိုကြွပါခင်ဗျ"
ကျန်းချန်အခန်းထဲရောက်တော့ အပေါ်ရုံကိုချွတ်ကာ ရှေ့ဆက်ရမယ့်အစီအစဉ်ကို အကြမ်းဖျင်းတွေးတောနေသည်
သူစဉ်းစားမိတဲ့အကြောင်းအရာကစုံသည် ၊ မင်းကြီးလတ်တလော ပူပန်နေရတဲ့အကြောင်းအရာများ၊ မယ်တော်ကြီးနားပူနေတဲ့ နန်းသွေးကိစ္စအပါအဝင် ယောက်ျားလေးဖြစ်တဲ့ ရှောင်းဧကရီကိုပါ ကိုယ်ဝန်ဆောင်နိုင်ရန်နည်းလမ်း၊ အိုးးးး သူငယ်ငယ်က သူ့မိခင်ဖြစ်သူပြောပြဖူးတဲ့ပုံပြင်အရဆို ယောက်ျားလေးကိုယ်ဝန်ဆောင်နိုင်တဲ့ နည်းလမ်းရှိခဲ့ဖူးတာကြောင့် မင်းကြီးကိုအကူအညီပေးနိုင်မယ်မျှော်လင့်ရတာပဲလေ.....
~ဒေါက်...ဒေါက်...~
ရုတ်တရက် တံခါးခေါက်သံကြောင့် ဘေးမှာချထားတဲ့ဓားကိုကောက်ကိုင်ကာ
YOU ARE READING
Randomကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...